ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့တော်မှာ မြေအောက်ရထားနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိလို့ လူတစ်ဉီး သေဆုံးခဲ့ပြီး ၅၇ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့လုံခြုံရေး အတွင်းဝန် အိုမာဂါစီယာဟာဖက်ချ်က ပြောပါတယ်။
မနေ့ကမနက်ပိုင်းက မက္ကဆီကိုမြို့တော်ရှိ အမှတ် ၃ လိုင်းမှာ မြေအောက်ရထားနှစ်စင်း တိုက်မိခဲ့တာ ဖြစ်ပါတယ်။ မတော်တဆဖြစ်စဉ်ကြောင့် လူတစ်ဉီး သေဆုံးခဲ့ပြီး ၁၄ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဉီး မီဒီယာသ တင်းတွေအရ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ လူတစ်ဉီး သေဆုံးပြီး အသက် ၁၆ နှစ်မှ ၉၃ နှစ်အရွယ် လူ ၅၇ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ အိုမာဂါစီယာဟာဖက်ချ်က တွစ်တာလူမှုကွန်ရက်မှာ မနေ့က ရေးသားခဲ့ပါတယ်။
“ကျွန်တော်တို့ မတော်တဆဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံပို့ဆောင်ခဲ့တဲ့ လူအရေအတွက်စာရင်း ကို ထပ်ပြောင်းလိုက်ပါပြီ” လို့ သူက ဆိုပါတယ်။
ရထားနှစ်စင်း တိုက်မိပြီးနောက် လူလေးဉီး ရထားတွဲတွေအတွင်း ပိတ်မိနေခဲ့ပေမယ့် နောက်ပိုင်းမှာ သူ တို့ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရရှေ့နေတွေက ဖြစ်စဉ်နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့သုံးနှစ်အတွင်း မက္ကဆီကိုမြို့တော်မှာ အဓိက မတော်တဆမှုလေးခု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၀ ပြည့် နှစ် မတ်လ ၁၀ ရက်က တာကူဘာယာဘူတာရုံမှာ ရထားနှစ်စင်း တိုက်မိခဲ့ရာ လူတစ်ဉီး သေဆုံးပြီး ၄၁ ဉီး ဒဏ် ရာရရှိခဲ့ပါတယ်။