ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဇန်နဝါရီလဆန်းပိုင်းက စတင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကြံ့ခိုင်ရေးပါတီဝင်ကလူတွေနဲ့ပေါင်းကာ ဒေသခံတွေဆီက အိမ်ထောင်စုစာရင်းတွေကို လိုက်လံကောက်ခံ တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့်ထားတဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးမှာ လက်ခံရှိတဲ့ အိမ်ထောင်စုစာရင်းကို ယူဆောင်လာပြီး တိုင်ဆိုင်စစ်ဆေးတာတွေပြုလုပ်တာလို့ ဒေသခံ တွေက ပြောပါတယ်။

“ သူတို့က အရင် အိမ်ထောင်စုစာရင်းသူတို့ဆီမှာ အကုန်ရှိနေတော့ အဲ့စာရင်းကိုကြည့်ပြီး အိမ်ထောင်စု စာရင်းစာရွက်ပုံစံမျိုးလုပ်ပြီး မှန် မမှန်လာစစ်တာ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စုစာရင်းလာရောက်စစ်ဆေးတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးရုံးမှာ ရှိတဲ့ စာရင်းနဲ့ နေအိမ်မှာလက်ရှိနေထိုင်တဲ့စာရင်းကို တိုက်ဆိုင်စစ်ဆေးသလို မရှိတဲ့သူတွေကိုလည်း ဘယ်သွား တာလဲမေးလေ့ရှိတယ်လို့ ဆိုပါတယ်။

အသက်ပြည့်ပြီးတဲ့သူတွေကိုတော့ ထပ်တိုးတာမျိုးရှိရင် စာရင်းမှာထပ်ပေါင်းမှတ်လေ့ရှိပြီး အသက်မပြည့် သေးတဲ့သူတွေကို ဖယ်ထုတ်တာမျိုးတွေလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။