ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၇ ရက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံခြားရေးဝန်ကြီးဟောင်း ရီယောင်ဟိုအား ကွက်မျက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရီယောင်ဟိုဟာ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီး ဆွေးနွေးပွဲပြုလုပ်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် အစောပိုင်းက ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့်ကြား ဗီယင်နာမြို့တော်မှာ မအောင်မြင်တဲ့ ထိပ် သီးဆွေးနွေးပွဲ ကျင်းပပြီးနောက် အမေရိကန်နိုင်ငံနဲ့ နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲနောက်ပိုင်း ရီယောင် ဟိုဟာ လူမြင်ကွင်းကနေ ပျောက်ကွက်ခဲ့ပါတယ်။
ရီယောင်ဟိုဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကွက်မျက်ခံခဲ့ရပြီလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုး ကားပြီး ဂျပန်နိုင်ငံမှ ယိုမီရီရှင်ဘွန်းသတင်းစာက ဇန်နဝါရီလ ၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ရီယောင်ဟိုဟာ လူမြင်ကွင်းကနေ ပျောက်ကွက်ခဲ့တာမှန်ပေမယ့် ကွက်မျက်ခံရတာ ဟုတ် မဟုတ် ရှင်း ရှင်းလင်းလင်း မသိရဘူးလို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ဇန်နဝါရီလ ၅ ရက်မှာ လွှတ်တော်အမတ် တွေကို ပြောကြားခဲ့တယ်လို့ လွှတ်တော် ထောက်လှမ်းရေးကော်မတီဝင်တစ်ဉီးက ပြောပါတယ်။
ရီယောင်ဟို လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာကို တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက မရှင်း ပြခဲ့ပေမယ့် ဗြိတိန်နိုင်ငံရှိ မြောက်ကိုရီးယားသံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အခြားသံတမန်တွေ ကွက်မျက်ခံခဲ့ရ တယ်ဆိုတဲ့ ဂျပန်သတင်းစာရဲ့ဖော်ပြချက်ကို လွှတ်တော်အမတ်တွေက အတည်မပြုခဲ့ပါဘူး။
ကင်ဂျုံအန် ဥက္ကဌအဖြစ်တာဝန်ယူတဲ့ ထိပ်တန်းဆုံးဖြတ်ချက်ချမှတ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နိုင်ငံ တော်ရေးရာကော်မရှင်မှ ရာထူးမှဖယ်ရှားချိန် ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ ရီယောင်ဟိုကို မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာမှာ နောက်ဆုံးအကြိမ် ဖော်ပြခဲ့တာပါ။
နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ရီယောင်ဟိုဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူနဲ့ဟနွိုင်းမှာ ကင်ဂျုံအန်နဲ့ ထရမ့်တို့ တွေ့ဆုံချိန်မှာ လိုက်ပါခဲ့သူဖြစ်ပါတယ်။
ကိုးကား – Evening Standard
Ref; Fears Kim Jong-un has executed former North Korean ambassador to the UK