ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၇ ရက်

ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနိုင်ငံရဲ့ ခရစ္စမတ်အထိမ်းအမှတ် အပစ်အခတ်ရပ်စဲရေးကို ပယ်ချခဲ့ ပြီး အရှေ့ပိုင်းဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေ အောင်ပွဲရနေတာကို ရပ်တန့်တဲ့ လှည့်ကွက်တစ်ခုဖြစ်တယ်လို့ ပြော ကြားလိုက်ပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ထပ်တလဲလဲ လျစ်လျူရှုခဲ့တယ်လို့ သမ္မတ ဇီ လန်စကီးက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေ ယူကရိန်းမှ ထွက်ခွာရင် သို့မဟုတ် ရုရှားတပ်ဖွဲ့တွေ မောင်းထုတ်ခံရရင် စစ်ပွဲ ပြီးဆုံး မယ်လို့ သူက ပြောပါတယ်။

“ယူကရိန်းတပ်ဖွဲ့တွေ ချီတက်နေတာ ရပ်တန့်အောင်နဲ့ ရှေ့တန်းရှိ သူတို့တပ်ဖွဲ့တွေဆီ လက်နက်ခဲယမ်း ပို့ဆောင်ချင်လို့ ရုရှားနိုင်ငံက အပစ်အခတ်ရပ်စဲလိုတာဖြစ်ပါတယ်” လို့ ဇီလန်စကီးက ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။

“ရုရှားစစ်သားတွေ ယူကရိန်းမြေမှ ထွက်ခွာသွားရင် ဒါမှမဟုတ် ရုရှားစစ်သားတွေကို မောင်းထုတ်နိုင်ရင် စစ်ပွဲ ပြီးဆုံးမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲဟာ အနောက်နိုင်ငံတွေရဲ့ရန်ကနေ မော်စကိုရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့် ရှောက်ဖို့နဲ့ အမျိုးသားရေးဝါဒီတွေကို မောင်းထုတ်ဖို့ဆိုပြီး ပုံဖော်နေတဲ့ သမ္မတ ဗလာဒီမာပူတင်ကို စိန်ခေါ်ကြဖို့ ဇီလန်စကီးက ရုရှားပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

“လူတစ်ဉီး အာဏာတည်မြဲဖို့ တိုက်ပွဲဝင်ပေးနေရတဲ့ ရုရှားပြည်သူတွေအနေနဲ့ အမှန်တရားအတွက် သတ္တိရှိဖို လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Asia One
Ref; Ukraine’s Zelenskiy dismisses Russia truce order as trick