ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၇ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ် စစ်ကောင်စီလက်အောက် ခံအထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဝန်ထမ်းလိုင်းခန်းအား ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ၄၀မမ များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း YEဘီလူးအဖွဲ့ထံမှ သိရသည်။
ရေးမြို့လယ်ရှိ စုပေါင်းထွေအုပ်ရုံးနှင့် ရုံးအရှေ့ရှိဝန်ထမ်းလိုင်းခန်းအား ၄၀ မမ ၄ လုံးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ထိခိုက်မှုအားအတိအကျသိရခြင်းမရှိသော်လည်း ရုံးခန်းအဆောက်အဦတစ်ချို့ပျက်စီးမှုများရှိကြောင်း သိရသည်။
“ရုံးဝန်းထဲအထိ ၄၀မမ ၄ လုံးနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တယ်၊ အထိအခိုက်ကိုတော့အတိအကျမသိရပါဘူး၊ ရုံးထဲထိ ၄၀ မမကျပါတယ်၊ အဆောက်အဦထိခိုက်မှုတော့ရှိတာတွေ့ရတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်း ဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့တိုက်ခိုက်ရခြင်းမှာ ရေးမြို့အား အဖွဲ့ပေါင်းစုံ၊ ဌာနပေါင်းစုံ၊ တပ်ရင်းပေါင်းစုံ ပိတ်ဆို့ထားသည့်ကြားမှ ရေးမြို့အတွင်း တိုက်ခိုက်မှုများပြု လုပ်နိုင်ကြောင်း ပြသသည့်သဘောလည်းဖြစ်သည်ဟု YEဘီလူးအဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းရှိ မိုင်တဲတာဝါတိုင်အားဖောက်ခွဲဖျက်ဆီးခဲ့ပြီး တာဝါတိုင်ဆီသို့လာသည့် စစ်ကောင် စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
#ရေး #ထွေအုပ်ရုံး #ပစ်ခတ်ခံရ #ရေးဘီလူး #၄၀ မမ #AyeyarwaddyTimes