ဧရာဝတီတိုင်းမ်
(ပခုက္ကူ)၊ ဇန်နဝါရီလ ၇ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာ၌ ဇန်န ဝါရီလ ၄ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် လမ်းပေါ်တွင် မော်တော်ယာဉ်များကိုစစ်ဆေးနေသည့် စစ်ကောင်စီလက်အောက်ခံတပ်သားများအားဒရုန်းဖြင့် အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ) က ယမန်နေ့တွင်ထုတ်ပြန်သည်။
ကန်တော်ရွာစာသင်ကျောင်းရှေ့တွင် ကား၊ ဆိုင်ကယ်များအား စစ်ဆေးနေသည့် အင်အား ၂၀ ဝန်း ကျင်ရှိ စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများအား ဒရုန်းဖြင့် အီနာဂါ ၆ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ရာ ၃ ဦးဒဏ်ရာရရှိပြီး ဆေးရုံသို့တင်ဆောင်လိုက်ရကြောင်း သိရသည်။
“တပ်သား ၂ ယောက်၊ ပျူတစ်ယောက်ထိတယ်၊ သူတို့စစ်တဲ့နေရာမှာ သွေးကွက်တွေကျန်ခဲ့တာတွေ့တယ်၊ အားလုံးပေါင်းတော့ အယောက် ၂၀ ဝန်းကျင်လောက်လမ်းမှာစစ်နေတာ၊ ပုံမှန်လဲ သူတို့အဲ့ဒီလိုစစ်ဆေးနေကြပဲ” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒရုန်းဖြင့်တိုက်ခိုက်မှုေကြာင့် စစ်ကောင်စီတပ် သားများမှာ ကန်တော်ရွာစာသင်ကျောင်းဝင်းတံခါးများကို ချိုးဖျက်၍ ကျောင်းဝင်းအတွင်းသို့ပြေးဝင်ပုန်းခိုကြကြောင်းလည်း သိရသည်။
မြိုင်(ပကဖ)နှင့်ပူးပေါင်းအဖွဲ့များသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ကုက္ကိုစုကျေး ရွာရှိ ပျူစောထီးစခန်းအား လက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်ရာ တပ်သား ၁ ဦးနှင့် ပျူစောထီး ၂ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း သိရပါသည်။
#မြိုင် #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #PDF #ဒရုန်းဗုံး #AyeyarwaddyTimes