ဧရာဝတီတိုင်းမ်
(သပိတ်ကျင်း)ဇန်နဝါရီ ၇ ရက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊တွင်းငယ်တိုက်နယ်၊တောင်လယ်ကျေးရွာရှိ ပျူစောထီးခေါင်း ဆောင်ကို ဇန်ဝါရီလ ၄ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း PDF -ကြာညှပ်က ယမန်နေ့တွင်ထုတ်ပြန် သည်။

ပစ်ခတ်ခံရသူမှာ စစ်ကောင်စီတပ်လက်အောက်ထံ တောင်လယ်ရွာ ပျူစောထီး ခေါင်းဆောင်ထွန်းနိုင် ဆိုသူဖြစ်ပြီး ၄င်းအားဒေသခံ ပြည်သူများ၏ တိုင် တန်းချက်အရ ဝင်ရောက်စစ်ဆေးရာ တော်လှန်ရေးအင်အားစုများနှင့်ပတ်သက်သည့် အချက်အလက်များရယူထားမှုကို တွေ့ရှိရသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း PDF အဖွဲ့ဝင်တစ်ဦးကပြောသည်။

”သူက တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ဖို့ ပျူတွေစုဆောင်းနေတဲ့အပြင် သူ့သားကိုလည်း ရဲထဲထည့်ထားတယ်၊သူ့ကို ရှာဖွေစစ်ဆေးတဲ့အခါမှာလဲ စကစဗိုလ်ကြီးနဲ့ဆက်သွယ်ထားတဲ့ အချက်လက်တွေ တွေ့ရှိရတယ်။ဒါကြောင့်မို့ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေးလုပ်သူတွေနဲ့ပျူစောထီးတွေကို လုံးဝသက်ညှာမှုမပေးဘဲ ရှင်းလင်းမယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြည်သူများအနေနဲ့ကလည်း တော်လှန်ရေး အင်အားစုများကို ဝိုင်းဝန်းကူညီပြီး ပူးပေါင်းကူညီပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က တိုက်တွန်းပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ကြာညှပ်ရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းဝေးလုပ်နေသော စစ်ကောင်စီအဖွဲ့ကို တောဆင်ရိုင်း ပြောက်ကျားအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။

#သပိတ်ကျင်း #ပျူစောထီး #ခေါင်းဆောင် #ပစ်သတ်ခံရ #AyeyarwaddyTimes