ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၇ ရက်

စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်လို့ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေကို လွှတ်ပေးဖို့ ကု လသမဂ္ဂ လူ့အခွင့်အရေးရုံးက မြန်မာ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

“လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သတင်းတွေ ထွက် ပေါ်ခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်လို့ ပြည်သူတွေ ထိန်းသိမ်းခံနေရတဲ့သတင်းတွေ ကျွန်တော်တို့ ဆက် လက် ကြားခဲ့ရပြီး အများစုဟာ နှိပ်စက်ခံနေရတယ်လို့ ဆိုပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံး ပြောရေး ဆိုခွင့်ရှိသူ ဂျရီမီလောရင့်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“အခုလိုမျိုး ပြည်သူတွေကို ထိန်းသိမ်းတာဟာ စစ်ကောင်စီကိုဝေဖန်တာ အသံတိတ်စေဖို့ ရည်ရွယ်တဲ့အပြင် ပြည်သူတွေကို အကြောက်တရား သွတ်သွင်းတာဖြစ်ပါတယ်” လို့ လောရင့်က ဆိုပါတယ်။

မြန်မာ့အရေး ဖြေရှင်းနိုင်မယ့်နည်းလမ်းမှာ ပြည်သူတွေကို လွတ်လွတ်လပ်လပ် ထိထိရောက်ရောက် နိုင် ငံရေးမှာ ပါဝင်ခွင့်ပြုတာပဲဖြစ်တယ်လို့ သူက ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇၀၁၂ ဉီးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့ မြန်မာစစ်ကောင်စီက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်နိုင်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ သတိပေးမှုတွေရှိလင့်ကစား အာဏာ သိမ်းစစ်ကောင်စီက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိပ်ကွက်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကလေးငယ် ၁၈၈ ဉီးအပါအဝင် အရပ်သား ၂၃၁၆ ဉီး သတ်ဖြတ် ခံခဲ့ရ တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်တာ အပါအဝင် ထောင်နဲ့ချီတဲ့ပြည်သူတွေကို အကျဉ်းချခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; UN urges Myanmar junta to release thousands of prisoners