ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

မနေ့က အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်း ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းမောင်းနှင် ခဲ့ရာ တရုတ်နိုင်ငံက ပြစ်တင်ဝေဖန်ခဲ့ပြီး အခုလိုစစ်ရေးလေ့ကျင့်မှုက ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်စေ မယ်လို့ ပြောကြားလိုက်ပါတယ်။

Arleigh Burke အတန်းအစား ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘော USS Chung Hoon က ထိုင်ဝမ်နဲ့ တရုတ် ပြည်မကြီးကြား ရေပိုင်နက်မှတစ်ဆင့် မောင်းနှင်ခဲ့တယ်လို့ အမေရိကန်ရေတပ် အမှတ် ၇ ရေယာဉ်စုက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားမှ အခုလို ဖြတ်သန်းမောင်းနှင်တာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်၊ ပွင့် လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်လာရေး ကတိကဝတ်ကို ထုတ်ဖော်ပြသတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်စစ်သင်္ဘော ဖြတ်သန်းမောင်းနှင်တာကို အတည်ပြုခဲ့ပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်နဲ့ လေပိုင်နက်က ပုံမှန်အခြေအနေရှိနေတယ်လို့ ပြောပါတယ်။

အမေရိကန်စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်တာကို တရုတ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဝါရှင်တန်ဒီစီမြို့တော်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါလုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံက အမေရိကန်စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားမှ မောင်းနှင်တာကို ကန့်ကွက်ပြီး အလား တူလုပ်ရပ်တွေကို ချက်ချင်း ရပ်တန့်ဖို့ အမေရိကန်နိုင်ငံကို တိုက်တွန်းကြောင်း၊ အဆိုပါလုပ်ရပ်က ဒေသတွင်း တင်းမာမှုတွေ မြင့်တက်စေနိုင်ပြီး ထိုင်ဝမ်ရေလက်ကြား မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ ကောင်စစ်ဝန် လျူပန်ယု က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

တရုတ်နိုင်ငံက သတိဝီရီယရှိနေမှာဖြစ်ပြီး ဘယ်အချိန်မဆို ဘယ်လို ခြိမ်းခြောက်မှုမျိုးနဲ့ ရန်စမှုမျိုးတွေ ကိုမဆို လက်တုံ့ပြန်မယ်လို့ သူက ဆိုပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှ အမေရိကန်ဖျက်သင်္ဘော ဖြတ်သန်းမောင်းနှင်တာကို အပြည့်အဝ ခြေရာခံ၊ စောင့်ကြည့်ခဲ့တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – RFA
Ref; China accuses US of fueling tensions in Taiwan Strait