ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နဲ့ မင်းတပ်မြို့ နယ်ထဲမှာရှိတဲ့ ဒေသချို့မှာ ATOM (ယခင် Telenor) အင်တာနက်လိုင်းများ ဇန်နဝါရီလ ၃ ရက်နေ့က ပြန်ပွင့်ပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင်မူ ပြန်လည်ဖြတ်တောက်ခံရတယ်လို့ မင်းတပ် ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ်ပိုင်းမှာ အင်တာနက်လိုင်း ပြန်ပွင့်လာခဲ့တာ ဖြစ်ပြီး နောက်တစ်နေ့ နံနက်ပိုင်းမှာပဲ ပြန်လည်ဖြတ်တောက်ခံလိုက်ရတာလို့ မင်းတပ်မြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“လိုင်းပြန်ရလို့ ပျော်နေတာ၊ နောက်နေ့ကျတော့ ပြန်သုံးမရတော့ဘူး၊ ခဏလေးပဲ သုံးလိုက်ရတယ်။ ဖုန်းပြောဖို့ အတွက်တော့ မြို့ပေါ်မှာဆိုရင် ပုံမှန်နီးပါးရတယ် ”ဟု မင်းတပ်မြို့ခံတစ်ဦးက ဧ
လို့ ပြောပါတယ်။

အင်တာနက်လိုင်း ဖြတ်တောက်ခံရတာကြောင့် အွန်လိုင်းကနေ အလုပ်လုပ်နေရတဲ့သူတွေတွက် အခက်အခဲတွေရှိနေပြီး ပြည်သူတွေ သတင်းအမှောင်ချခံနေရသလို ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။

မင်းတပ်မြို့နယ်မှာ ၂၀၂၁ စက်တင်ဘာလလယ် လောက်ကစပြီး စစ်ကောင်စီဘက်က 4G အင်တာနက်လိုင်း တွေ ဖြတ်တောက်ထားတာဖြစ်ပြီး မင်းတပ်မြို့နယ်ရဲ့ ၈၀ ခိုင်နှုန်း နီးပါးမှာ အင်တာနက်လိုင်းတွေ ပြတ်တောက်လျှက်ရှိ​နေပြီး ကန်ပက်လက်၊ ဟားခါး နဲ့ ဖလမ်းမြို့တို့ကလွဲပြီး ချင်းပြည်နယ် အနှံ့အပြားမှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရဆဲ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် အစောဆုံးလက်နက်ကိုင် တော်လှန်လာတဲ့ ချင်းပြည်နယ် တစ်ခုလုံးကို စစ်ကောင်စီက ရိက္ခာ၊ ငွေကြေး၊ သတင်း အချက်အလက် စတာတွေကို နဲ့ ဖြတ်တောက်နေပြီး မြေပြင်ထိုးစစ်၊ လေကြောင်းထိုးစစ်တွေနဲ့ နေ့စဥ်တိုက်ခိုက်မှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကုန်ပိုင်းက မင်းတပ်မြို့အား အဝေးတစ်နေရာမှ မြင်တွေ့ရစဥ်။
ဓာတ်ပုံ – HKL Mindat
#မင်းတပ် #တယ်လီနော #အက်တမ် #အင်တာနက် #နာရီပိုင်း #ဖြတ်တောက်ခံရ
#Ayeyarwaddy_Times