ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်
အာဖဂန်နစ္စတန်နိုင်ငံမှာ အပါချီ ရဟတ်ယာဉ်မှူးတစ်ဉီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် လူ ၂၅ ဉီးကို သတ်ဖြတ်ခဲ့တယ်လို့ ဗြိတိန်မင်းသား ဟာရီက သူ့ဘဝအကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်မှာ ဝန်ခံခဲ့ပါ တယ်။
လာမည့်အပတ်မှာ ဗြိတိန်နိုင်ငံရှိ စာအုပ်ဆိုင်တွေမှာ ရရှိနိုင်တော့မယ့် Spare လို့ အမည်ပေးထားတဲ့ စာအုပ်ထဲမှာ မင်းသား ဟာရီက စပိန်ဘာသာပြန်ထားတဲ့ စာအုပ်ကို စပိန်နိုင်ငံမှာ ရောင်းချစဉ် အခုလို ဝန်ခံလိုက် တာဖြစ်ပါတယ်။
Sussex မြို့စားအဖြစ်မှ နှုတ်ထွက်ကာ ဇနီးသည် မီဂန်မာကဲနဲ့အတူ ဗြိတိန်နိုင်ငံမှ ထွက်ခွာခဲ့တဲ့ မင်းသား ဟာရီက လူ ၂၅ ဉီးကို သတ်ဖြတ်ခဲ့တဲ့အတွက် သူ့အနေနဲ့ ဂုဏ်မယူခဲ့သလို မရှက်ရွံ့ခဲ့ဖူးလို့ စာအုပ်ထဲမှာ ရေးသား ခဲ့ပါတယ်။
ထောင်ပေါင်းများစွာသော အရပ်သားတွေနဲ့အတူ ထောင်နဲ့ချီတဲ့ တာလီဘန်အဖွဲ့ဝင်တွေ၊ အယ်လ်ခိုင်ဒါ စစ်သွေးကြွတွေ အာဖဂန်နစ္စတန်စစ်ပွဲအတွင်း သေဆုံးခဲ့ပါတယ်။
မင်းသား ဟာရီက ဗြိတိန်စစ်တပ်မှာ ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ကြီးအဆင့်အထိ ရာထူး တိုးမြှင့်ခံရကာ အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မင်းသား ဟာရီက အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်ပြည်နယ်မှာ နှစ်လကြာ တာဝန်ထမ်းဆောင်နေတယ် လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့ပါတယ်။
မင်းသား ဟာရီက ဗြိတိန်စစ်သည်တွေနဲ့အတူ စစ်ဆင်ရေးတစ်ရပ် တိုင်းပြည်အတွက် တာဝန်ထမ်း ဆောင်ရတာ အလွန် ဂုဏ်ယူနေပါတယ် လို့ လန်ဒန်မြို့တော်ရှိ တော်ဝင်အိမ်တော် Clarence House က အဲဒီအ ချိန်က ပြောကြားခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; UK’s Prince Harry reveals he killed 25 people in Afghanistan as a helicopter pilot