ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ရှိ ပညာရေးမှူးရုံးတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၅ ရက်နေ့တွင် အညာမြေအထူးကွန်မန်ဒိုတပ်ဖွဲ့မှ မိုင်းဖြင့် သွားရောက် တိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါပညာရေးမှူးရုံးသည် ကျောက်ပန်းတောင်းမြို့၏ မြို့လယ်ခေါင် မိန်းလမ်းမကြီးဘေးတွင်ရှိပြီး စစ်ကောင်စီတပ်သားများအထိုင်ချနေကြသောကြောင့် အညာမြေကွန်မန်ဒိုတပ်ဖွဲ့က ယမန်နေ့ နေ့လည်ပိုင်းတွင် မိုင်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အညာမြေကွန်မန်ဒိုတပ်ဖွဲ့ထံမှသိရသည်။

“သူတို့က ကျွန်တော်တို့မြို့မှာ ဆိုင်ကယ်စီးတာတွေ အစ အကုန်လုံးကို မတရားစည်းကမ်းတင်းကျပ်ပြီး ငွေညစ်တောင်းတာတွေ အရမ်းလုပ်နေတာကြာပြီ။ ကျွန်တော်တို့လည်း မိုင်းနဲ့ပစ်ပြီး ဆုတ်ခွာလာခဲ့တာ။ သူတို့ဘက်က အထိခိုက်အကျဆုံးတော့ သေချာမသိရသေးဘူး။နောက်ထပ်လည်း ဆက်ပြီး တိုက်ခိုက်မှာမို့ ပြည်သူတွေအနေနဲ့ စစ်ကောက်စီတပ်တွေ ရှိတဲ့နေရာတွေကို ရှောင်ရှားပေးပြီး ကျွနိတော်တို့ကိုလည်း တတ်နိုင်သမျှပူးပေါင်းပါဝင်ပေးကြပါ”ဟု အညာမြေအထူးကွန်မန်ဒိုတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သုခက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျောက်ပန်းတောင်းမြို့တွင် ယခင်က စစ်ကောင်စီနှင့်ဆက်နွယ်သော စည်ပင်ရုံး၊လျှပ်စစ်ရုံး၊အင်းဝဘဏ်၊မြန်မာဘီယာရုံးချုပ်၊မိုင်တဲတာဝါတိုင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။

အညာမြေအထူးကွန်မန်ဒိုတပ်ဖွဲ့ သည်ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာရှိသော ၁။ People’s Defense force- Kyaukpadaung ၂။ People’s Defense force Kyaukpadaung-တပ်ခွဲ(၁) ၃။ KPG Complex UG ၄။ PGF Kyaukpadaung ၅။ 21- Guerrilla Force Kyaukpadaung၆။ စကားဝါမြေ PDF စသောတပ်ဖွဲ့များကို ပေါင်းစည်း၍ ပြန်လည်ဖွဲ့စည်းထားသောတပ်ဖွဲ့ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

#ကျောက်ပန်းတောင်း #ပညာရေးမှူးရုံး #စစ်ကောင်စီ #အညာမြေအထူးကွန်မန်ဒိုတပ်ဖွဲ့ #တိုက်ခိုက်
#Ayeyarwaddy_Times