ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

ကရင်ပြည်နယ်၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်နဲ့ကြာအင်းဆိပ်ကြီးဒေသတလျှောက် စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတွေအကြား ဖြစ် ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေဆုံးခဲ့တယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက မနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။

ကြာအင်းဆိပ်ကြီးနှင့်ကော့ကရိတ်ဒေသအတွင်း ရင်ဆိုင်တိုက်ပွဲများတွင် ၆၀ မမ ၊ ၄၀ မမ ၊ RPG များကိုသာ အသုံးပြုတိုက်ခိုက်ခဲ့ရပေမယ့် စစ်ကောင်စီတပ်လက် အောက်ခံ BGF စခန်း ၂ ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါ တယ်။

ဇန်နဝါရီလ ၁ ရက်နေ့မနက်အစောပိုင်းကစလို့ တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ်၊တောင်စွန်းရွာ စစ်ကောင်စီနဲ့ BGF ပူးပေါင်းစခန်းတွေကို ကရင်တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတွေကတိုက်ခိုက်သိမ်းပိုက်ခဲ့လို့ ယမန်နေ့အထိ တိုက်ပွဲ တွေပြင်းထန်ခဲ့တာပါ။ ဒါ့အပြင် ဇန်နဝါ ရီလ ၄ ရက်နေ့မနက်အစောပိုင်းမှာလည်း ကြာအင်းဆိပ်ကြီးအခြေစိုက်တပ်ရင်း ၃ ခုကို စီးနင်းတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေများပြားခဲ့တာပါ။

ဧရာဝတီတိုင်းမ်ရဲ့သီးခြားရရှိထားတဲ့အချက်အလက်တွေအရ ကြာအင်းဆိပ်ကြီးတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးမှုတွေထဲမှာ ခလရ ၂၈၄ ရဲ့တပ်ရင်းမှူး DSA အပတ်စဉ် ၄၆ ဆင်း ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ထိ ခိုက်သေဆုံးမှု အများအပြားရှိခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ကော်သူလေးတပ်မတော်(Lion Battalion Commando ဗျူဟာစစ်ကြောင်း၊အထူးစစ် ဆင်ရေးအဖွဲ့ S.O.F ၊ ပူးပေါင်းမဟာမိတ်စစ်ကြောင်းတွေကပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲတွေပြင်းထန်နေချိန်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကိုဦးတည် ပစ်ခတ်ခဲ့လို့ ဒေသခံ ၁၅၀၀ ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီး လူနေအိမ်တွေနဲ့ဘုန်းကြီး ကျောင်းတွေထိခိုက်ပျက်ဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

#ကော့ကရိတ် #ကြာအင်းဆိပ်ကြီး #တိုက်ပွဲသတင်း #LBC #SOF #Ayeyarwaddy_Times