ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သံဘိုကျေးရွာ စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူးလင်မယား ယမန်နေ့ ဇန်နဝါရီလ ၅ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခြင်းခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပစ်သတ်ခံရသူမှာ သံဘိုကျေးရွာစစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး စိုးနိုင်နှင့်မိန်းမဖြစ်သူ အေးမြတို့ဖြစ်ပြီး ၄င်းတို့မှာ ရွာအတွင်းသို့ စစ်ကောင်စီတပ်များကို ခေါ်ဆောင် သတင်းပေးလျက်ရှိပြီး ပြည်သူတချို့ကို ဖမ်းခိုင်းမှုများရှိကြောင်း သိရှိရသည်။
“ရွာထဲမှာ ထင်တိုင်းကြဲနေတာ သူတို့လင်မယားက။ စစ် သားတွေကိုတမင်ခေါ်ပြီး ထမင်းကျွေးတာတွေ၊ ပျော်ပါးစားသောက်တာတွေ ခေါ်လုပ်လေ့ရှိတယ်။ သူတို့ကြောင့် ဖမ်းခံရသူတွေရှိတယ်”ဟု အမည်မဖော်လိုသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
၎င်းတို့နှစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် TGYR- Youth Guerrilla Counter Revolution (LPDF) အဖွဲ့မှ ပစ်ခတ်ရှင်းလင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရှိရသည်။
TGYR တပ်ဖွဲ့ခေါင်းဆောင် ကိုECOမှ “ဟုတ်ပါတယ်။ မနေ့က ညနေပိုင်းမှာ နေအိမ်ကိုသွား ရောက်ရှင်းလင်းခဲ့တာပါ။ ကာကွယ်ရေးအဖွဲ့တွေက သူတို့ကိုစောင့်ကြည့်နေကြတာ ကြာပြီ။ အဲဒီလိုပဲ ပြုလုပ်မြဲ ပြုလုပ်နေတော့ ခုလိုလုပ်လိုက်တာပါ။ သူတို့က ဈေးဆိုင်ဖွင့်ထားတာ အိမ်ရှေ့မှာ။ အုပ်ကြီးကိုပဲပစ်မှတ်ထားတာပါ။ မိန်းမက ၀ငျပွီးသနေတျကိုလုတာ သူ့ကိုမရည် ရွယ်ဘဲ ရှင်းလင်းခဲ့ရတယ်”ဟု ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူး စိုးနိုင်ဆိုသူသည် အနီး ၀နျးကငြျရှိ ရွာများနှင့် ၎င်းကျေးရွာထဲတွင် ပျူစောထီးများအဖွဲ့ကို စတင်ဖွဲ့စည်းနေပြီး ကျေးရွာအတွင်း စစ်ကောင်စီတပ်ကို ခေါ်ယူပြီး သောင်းကျန်းနေခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
ယင်းရှင်းလင်းမှုကို TGYR-Youth Guerrilla Counter Revolution (LPDF)နှင့် မာန်စွယ်ကျားပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ BHGF-Black Hero Guerrilla Force အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိ ရှိရသည်။
#ငါန်းဇွန် #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #လင်မယား #ပစ်သတ်ခံရ #AyeyarwaddyTimes