ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

ခေါင်းဆောင်တွေက ရုရှားနိုင်ငံရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကို တစ်ညီတစ်ညွတ်တည်း ရှုတ်ချခဲ့တဲ့ G-20 အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် အလယ်အလတ် အင်အားကြီး အင်ဒိုနီးရှားနိုင်ငံဟာ ယ ခုအခါ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘက်မလိုက်သော ငြိမ်းချမ်းရေးဖျန်ဖြေပေးသူဆိုတဲ့ ယုံကြည်မှုကို ရရှိခဲ့ပါ တယ်။

ဒါပေမယ့်လည်း အာဆီယံရဲ့အင်အားကြီး အင်ဒိုနီးရှားနိုင်ငံအတွက် ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်း တစ် ကယ့်စမ်းသပ်မှုက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူနေချိန်မှာ ရှိလာပြီဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဉက္ကဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာ့အရေးမှာ တိုးတက်မှုရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိတာကြောင့် အင်ဒိုနီး ရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ထမ်းဆောင်စဉ် မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ခြင်း ရှိ မရှိ အား လုံးက စောင့်ကြည့်နေပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲနေတာကြောင့် အင်ဒိုနီး ရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ထမ်းဆောင်ချိန်မှာ G-20 အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပုံကို ပုံတူကူးမယ်လို့ မျှော်မှန်းရပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်လာတာနဲ့အတူ ပြည်သူ ၃၀၀၀ ကျော် သေဆုံး ခဲ့တာကြောင့် ကုလသမဂ္ဂက လူသားမဆန်သော ရာဇဝတ်မှုတစ်ခုအဖြစ် ညွှန်းဆိုခဲ့ပါတယ်။ ယခင် အာဆီယံ အ လှည့်ကျဥက္ကဌတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ မဖြေရှင်းနိုင်ခဲ့တဲ့ မြန်မာ့အရေးမှာ အင်ဒိုနီးရှားနိုင်ငံ က ပိုမိုတက်ကြွတဲ့ မူဝါဒတစ်ရပ် ကျင့်သုံးခြင်းဖြင့် ရိုးသားပြီး အမှီအခိုကင်းသော ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဖြစ်လာနိုင်ပါတယ်။

သမိုင်းကြောင်းအရ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ချမှတ်ခံခဲ့ရ တဲ့ စီးပွားရေးနဲ့ စစ်ရေးဒဏ်ခတ်မှုတွေကို ခံနိုင်ရည်ရှိခဲ့ပါတယ်။ ကာလရှည်ကြာလာတဲ့ မြန်မာ့အရေးကို မဖြေရှင်း ပါက ဒေသတွင်းလုံခြုံရေးအပေါ် အကျိုးသက်ရောက်မှုတစ်ရပ် ရှိလာမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ အရေး ကိုင်တွယ်တဲ့နည်းလမ်းကို ပြောင်းလဲရမှာဖြစ်ပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ အင်ဒိုနီးရှားနိုင်ငံက ရိုးသားလွတ်လပ်သော ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်လာနိုင်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာ့အရေး အစီအမံကို ရှင်းလင်း ပြဖို့ အင်ဒိုနီးရှားနိုင်ငံက အထူး အာဆီယံထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပသင့်ပါတယ်။

နောက်တစ်နည်းကတော့ အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကိုရှောင်ရှားဖို့ အာဆီယံ အ လှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းသင့်ပါတယ်။ လွတ်လပ်သော ဖျန်ဖြေသူအဖြစ် အင်ဒိုနီးရှားက အာဆီယံ ဥက္ကဌအဖြစ်မဟုတ်ဘဲ အာဆီယံအိမ်နီးချင်းအနေနဲ့ အာဆီယံအဖွဲ့မှ ရပ်ဆိုင်းထားတဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံသင့်ပါတယ်။

နောက်တစ်ခုကတော့ သမ္မတ ဂျိုကိုဝီက မြန်မာ့အရေးမှာ ငြိမ်းချမ်းရေး ဖျန်ဖြေသူတစ်ဉီးဖြစ်လာဖို့ အင်ဒို နီးရှားနိုင်ငံရဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဖို့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့တွေ့ဆုံဖို့ သွားရောက်သင့်ပါတယ်။ မြန်မာ့အရေးဆိုင်ရာ ငြိမ်းချမ်းရေးမစ်ရှင် မဖွဲ့စည်းမီ လူချင်းတွေ့ဆုံမှုက အကျပ်အတည်းအဆုံးသတ်ရေး စေ့စပ် ညှိနှိုင်းရေးစားပွဲဝိုင်းမှာ သဘောတူညီဖို့ နိုင်ငံတကာပစ်ပယ်ခံ စစ်ကောင်စီခေါင်းဆောင်တွေရဲ့ ယုံကြည်မှုကို ရရှိ စေနိုင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်နိုင်မယ့် အထူးအဖွဲ့ တစ်ဖွဲ့ကို အင်ဒိုနီးရှားနိုင်ငံက ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဉီးက ဉီး ဆောင်သင့်ပြီး အဖြစ်သင့်ဆုံးပုဂ္ဂိုလ်မှာ သမ္မတဟောင်း ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စေ့စပ်ညှိနှိုင်းဖို့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဉီး စေလွှတ် ခြင်းက စစ်ကောင်စီနဲ့ ဆက်သွယ်ရာမှာ အထိရောက်ဆုံး နည်းလမ်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့လည်း အထူးအဖွဲ့ အကြီးအကဲ သမ္မတဟောင်း ယူဒိုယိုနိုနဲ့ ဆက်သွယ်ဖို့ သမ္မတ ဂျိုကိုဝီအတွက် လွယ်ကူ စေမှာဖြစ်ပါတယ်။ အထူးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာက စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် ဆန္ဒပြသူ တွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာရပ်တန့်ရေး စစ်ကောင်စီကို တိုက်တွန်းဖို့ဖြစ်ပါတယ်။

ယူဒိုယိုနိုက ဗိုလ်ချုပ်ကြီးတစ်ဉီးအနေနဲ ကြုံတွေ့ခဲ့ရတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ၁၉၉၈ ခုနှစ်မှာ အင်ဒို နီးရှားနိုင်ငံက စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့တာကြောင့် အင်ဒိုနီး ရှားနိုင်ငံက ရိုးသားသော ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ အင်ဒိုနီးရှားနိုင် ငံက ၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မာ့အရေး အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့သလို အာဏာသိမ်းစစ်ကောင်စီက အင်ဒိုနီးရှားနိုင်ငံရဲ့ အကြံပြုမှုကို လေးစားသမှုရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု အကျပ်အတည်းဖြေရှင်းရာအှာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ သမိုင်းတစ်ရပ်ရှိပါတယ်။ ဒီအချက်ကြောင့် အာဆီယံ အလှည့်ကျဥက္ကဌအနေနဲ့မဟုတ်ဘဲ ဒေသတွင်း အင်အားကြီးတိုင်းပြည်တစ်ခုအနေနဲ့ ရိုးသားသော ဖျန်ဖြေသူအဖြစ် အဆိုပြုနိုင်တဲ့ ကောင်းမွန်သော အခွင့်အလမ်းတစ်ရပ် အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေပါတယ်။

ထိရောက်သော ငြိမ်းချမ်းရေးဖျန်ဖြေသူဖြစ်ဖို့အတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးချိန်မှာ အင်ဒို နီးရှားနိုင်ငံက အာဆီယံအလံကို ချန်ထားသင့်ပြီး နားထောင်သူကောင်းသာဖြစ်သင့်ပါတယ်။ အဓိကစိန်ခေါ်မှုတစ် ခုမှာ ဘုံသဘောတူညီချက်ငါးရပ်ကို မလိုက်နာမှုကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ယာယီ ရပ်ဆိုင်းဖို့ အာဆီယံပဋိဉာဉ်ပါ တရားဝင် စာပိုဒ်တစ်ခုရှာဖွေဖို့ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ရပ်ဆိုင်းနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က အာဆီယံအဖွဲ့မှ မြန်မာနိုင်ငံကို ရပ်ဆိုင်းလိုက်တာကို သဘောတူမှာမဟုတ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံက ဒီဆုံးဖြတ်ချက်ကို ဉီးဆောင်နိုင်စွမ်းရှိပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်မှသာ အင်ဒိုနီးရှားနိုင်ငံသို့ ဒုက္ခသည်တွေရောက်ရှိလာမှု ရပ်တန့်မှာဖြစ်လို့ မြန်မာ ကို အာဆီယံအဖွဲ့မှ ရပ်ဆိုင်းလိုက်တဲ့မူဝါဒကို အောက်လွှတ်တော်က ထောက်ခံမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ အာ ဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားအတွက် မြန်မာ့အရေး ဖြေရှင်းခြင်းက ဒေသတွင်း လုံခြုံရေးအပေါ် ဂ ယက်ရိုက်လာမှုကိုရှောင်ရှားဖို့ အကောင်းဆုံးဖြစ်ပါတယ်။

မြန်မာ့အရေးမှာ ရိုးသားသော ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဖြစ်လာဖို့ အင်ဒိုနီးရှားနိုင်ငံဟာ ပြည် တွင်း၊ ပြည်ပရဲ့ နိုင်ငံရေးထောက်ခံမှုကို ရရှိထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌသက် တမ်းအတွင်း မြန်မာ့အရေးကို အကောင်းဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဇန်နဝါရီလ ၅ ရက်က The Straits Times သတင်းစာပါ ဆောင်းပါးရှင် Haeril Halim ရဲ့ Indonesia can be an honest peace broker in Myanmar crisis ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။