ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာ မန္တလေး မြောင်လမ်းခွဲအနီးတွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာသို့ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း
Black Eagle Defence Force-MMU တပ်ဖွဲ့ထံကသိရသည်။
ထိုတိုက်ခိုက်မှုသည် ဒီဇင်ဘာလ ၂၅ ရက်မှ ၃၀ နေ့အထိ ၅ ရက်တာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU တပ်ဖွဲ့ဝင်များကပြောသည်။
“ကျွန်တော်တို့ စပြီးတိုက်တာက ၂၅ ရက်နေ့ကဗျ၊၂၈ ရက်နေ့မှာ ၄ယောက်သေတယ်။ ၃၀ ရက်နေ့မှာ သူတို့ရဲ့ ကတုတ်ကျင်းထဲ တည့်တည့်ကျတော့ နေရာမှာတင် ၂ ယောက်သေပြီး ဆေးရုံမှာ အရာရှိတစ်ယောက်နဲ့တပ်သား ၃ ယောက်သေတယ်လို့ကြားတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒရုန်းတစ်စီးလဲ ပျက်စီးသွားတယ်။ ဒရုန်းတွေများများဝယ်နိုင်ဖို့ ပြည်သူတွေကလဲ ဝိုင်းဝန်းကူညီးပေးကြပါဦး”ဟု Black Eagle Defence Force MMU အဖွဲ့၏ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) နှင့်အတူ မြင်းမူမြို့နယ် ပကဖ၊ People Defence Force Myinmu_MMU PDF၊ T.G.R Women Drone Force(Myaung) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။