ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
Federal Wingsတပ်ဖွဲ့မှ KNU တပ်မဟာ (၃)နှင့် တပ်မဟာ (၆)နယ်အတွင်း ၂၀၂၂ တစ်နှစ်တာကာလ၌ ထိတွေ့တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့ပြီး တိုက်ပွဲပေါင်း ၄၃၇ ကြိမ်ဖော်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း ဒရုန်းစစ်ဆင်ရေးပေါင်း (၄၃၇)ကြိမ်ဖော်ဆောင်ခဲ့ပြီး တပ်အင်အားတိုးချဲ့မှုလုပ်ငန်းများ၊ တိုက်ခိုက်ရေး Mission များနှင့် တိုက်ခိုက်ရေးဒရုန်းအမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုများကိုလည်း အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံတပ်သား ၂၀၀ ကျော်သေဆုံးခဲ့ပြီး ရာပေါင်းများစွာဒဏ်ရာရရှိခဲ့ကာ Federal Wings တပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုအနည်းငယ်ရရှိခဲ့ပြီး ယခုအခါသက်သာပျောက်ကင်းေ
ပြီဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် Federal Wings ၏ ဘဏ္ဍာရေးဆိုင်ရာရပ်တည်မှုမှာ ပြည်သူလူထု၏ ထည့်ဝင်လှူဒါန်းခြင်းများမှဖြစ်ပြီး ပြည်သူများ၏အလှူငွေများအားအလေအလွင့်မရှိသုံးစွဲခဲ့ပြီး NUG အပါအဝင် အခြား မည်သည့်အဖွဲ့အစည်းများထံကမှ ရံပုံငွေများ ရရှိထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Federal Wings သည် EAO နှင့် PDFတပ်ဖွဲ့တိုင်းနှင့် ပူးတွဲစစ်ဆင်ရေးပြုလုပ်နိုင်ရန် ဖွဲ့စည်းထားသည့် နည်းပညာထောက်ကူပြုတပ်ဖွဲ့ဖြစ်ပြီး NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း ၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နှင့် ချိတ်ဆက်ကာ တော်လှန်ရေးကိုဖော်ဆောင်နေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုဖြစ်ပွားနေသည့် ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်းတိုက်ပွဲနှင့် ကြာအင်းဆိပ်ကြီးတိုက်ပွဲများတွင်လည်း Federal Wings ဒရုန်းတပ်ဖွဲ့များမှသက်ဆိုင်ရာ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့ များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်
#Federal Wings #တစ်နှစ်တာကာလအတွင်း #ဒရုန်းစစ်ဆင်ရေး #စစ်ကောင်စီ #သေဆုံး
#Ayeyarwaddy_Times