ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
ကရင်ပြည်နယ်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ၊ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီ မဲဝိုင်စစ်အခြေစိုက်စခန်း ယမန်နေ့ ဇန်နဝါရီလ ၄ ရက် မနက်အစောပိုင်းက တိုက် ခိုက်ခံရပြီးထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါ တယ်။
အဲ့ဒီစစ်ကောင်စီတပ်စခန်းကို ဒရုန်းဗုံး ၃၀ ခန့်နဲ့ကြဲချတိုက်ခိုက်ပြီး ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှု များပြားကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ တပ်မဟာ ၅ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
သူတို့စခန်းပေါ်ကို ညလုံးပေါက်နီးပါး ဒရုန်းဗုံးနဲ့ အလုံး ၃၀ လောက်ပစ်ချ တိုက်ခိုက်ပြီးမှ မနက်အစောပိုင်းမှာ အလုံးအရင်း နဲ့ ပစ်ခတ်တိုက်ခိုက်တာ။ စစ်ကောင်စီဘက်ထိခိုက်မှုများတယ်၊ ထိတာများလို့ လေယာဉ်နဲ့ပါဗုံး လာကြဲတယ် လို့ KNLA တပ်မဟာ ၅ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
”စစ်ကောင်စီတပ် မဲဝိုင်စစ်အခြေစိုက်စခန်းမှာ ခလရ ၉၆ တပ်ရင်းကတိုက်ခိုက်ရေးဝင်ရောက်နေတာဖြစ်ပြီး ယမန် နေ့တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးပြီး တပ်ရင်းမှူး ဗိုလ်မှူး မျိုးဟိန်းကျော် အပါအဝင်အများအပြားထိခိုက်ဒဏ်ရာရတယ် ” လို့ နယ်မြေခံတပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဖာပွန်ခရိုင်ထဲက မဲဝိုင်စခန်းဟာ မကြာခဏဆိုသလို ဒရုန်းဗုံးနဲ့ကြဲချတိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုများ ပြားနေတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ နယ်မြေခံစစ်ဘက်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
#ကရင်ပြည်နယ် #တပ်မဟာ ၅ #မဲဝိုင်စခန်း #တိုက်ပွဲသတင်း #Ayeyarwaddy_Times