ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာရှိအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ ဇန်နဝါရီလ ၄ ရက် မွန်း လွဲပိုင်းအချိန်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါ အဝင် ပျူအဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများ စုဝေးရောက်ရှိနေစဥ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း TBK တောဆင်ရိုင်းပျောက်ကျားတပ်ဖွဲ့မှ ပြော သည်။
စစ်အုပ်စု လူ ၂၀ ကျော် အုပ်ချုပ်ရေးရုံးအတွင်း စုဝေးရောက်ရှိနေချိန်၌ ဒရုန်းတွင် M 9 ဗုံးသီးတပ်ဆင်၍ ကြဲချတိုက်ခိုက်ခဲ့ရာ ယင်းနေရာတွင်ပင် ၄ ဦး သေဆုံးပြီး အများအပြားပြင်းထန်ဒဏ်ရာရရှိကြောင်း TBK အဖွဲ့ တာဝန်ရှိသူမှပြောသည်။
“ထိခိုက်တဲ့သူတွေက ပျူ ၂ ကောင်ရယ်၊ စစ်ကောင် စီတပ်သား ၂ ကောင်ရယ် နေရာမှာတင် တုန်းကနဲပဲ။ နောက်ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းမနည်းဘူး။ စာရင်းတော့ သေချာမပြောနိုင်သေးဘူးဗျ” ဟု TBK တောဆင်ရိုင်းပျောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ အင်အား အများအပြားဖြင့်ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြု လုပ်ခဲ့ပြီး အဆိုပါရပ်ကွက်ရုံးတွင် စခန်းချထားကြောင်း ၎င်းမှပြောသည်။
ယင်းတိုက်ခိုက်မှုကို TBk တောဆင်ရိုင်းပျောက်ကျား တပ်ဖွဲ့နှင့် နယ်မြေခံရပ်ကျေး(ပ.က.ဖ)အဖွဲ့တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#သပိတ်ကျင်း #TBK #PDF #စစ်အုပ်စု #ဒရုန်းဗုံး #တိုကိခိုက်ခံရ #AyeyarwaddyTimes