ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) PDF တပ်ရင်း ၅ ရင်းတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့သည်ဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
UG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့်တွေ့ဆုံခဲ့သောတပ်ရင်းများမှာ မန္တလေး PDF တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅) တို့ဖြစ်ကြောင်း သိရသည်။
မန္တလေး PDF တပ်ရင်းများမှာ UG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ရင်းများ ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထားရှိကာ တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော MDY-PDF ရဲဘော်များ
#မန္တလေး #PDF #AyeyarwaddyTimes