
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
CDM ဆရာ၊ဆရာမများသင်ကြားပေးမည့် New Myanmar Education Onlineclass ကို ဒီကနေ့ ဇူလိုင်လ ၆ ရက် မှာ ကျောင်းဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
New Myanmar Educationသည် NUG အစိုးရပညာရေး ဝန်ကြီးဌာနအသိအမှတ်ပြု OnlineClass တခုဖြစ်ပြီး ယနေ့ဖွင့်ပွဲသို့ NUG ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနဲ့ ပညာရေးဝန်ကြီးဌာနမှ ဦးသိန်းသန်းတို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
အထက်တန်းအဆင့်Grade-10(စနစ်သစ်)၊Grade -11 (စနစ်ဟောင်း) နဲ့ Grade-11(စနစ်သစ်)အတန်းတွေကို Online Class Zoom နဲ့တိုက်ရိုက်သင်ကြားပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၅ ရက်အတွင်းကျောင်းအပ်လက်ခံခဲ့ပြီး ဆက်သွယ်ကျောင်းအပ်နှံသူ ၁ သောင်းကျော်အထိရှိတယ်လို့သိရပြီး ဇူလိုင်လ ၁၄ ရက်နေ့မှာ စတင်သင်ကြားမှာဖြစ်တယ်လို့သိရပါတယ်။
” ကျနော်တို့ ဒီနေ့ကဖွင့်ပွဲလုပ်တာပေါ့။ စပြီးသင်မှာက ၁၄ ရက်နေ့စပြီးသင်မှာပါ။ဒီကြားထဲမှာကZoomနဲ့ပတ်သက် ပြီး နည်းပညာပိုင်းလေးတွေ Page မှာတင်ပေးထားမယ်ပေါ့။ လာအပ်တာ ၁ သောင်းကျော်ရှိတယ်၊ ၁ သောင်းကျော်လုံးကိုတော့ ဖုန်းနဲ့ အင်တာဗျူးပြီးသွားပြီ၊ လတ်တ လော ၂၅၀၀ ကျော်လက်ခံပြီးသွားပြီ” လို့ NME မှာသင်ကြားပေးမယ့် CDM ကျောင်းဆရာတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
သင်ကြားမှုစတင်မည့် ဇူလိုင်လ ၁၄ ရက်နေ့မရာက်ခင် ဇူလိုင်လ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျောင်းအပ်နှံမယ့်သူတွေ ရှိရင်လည်း လက်ခံဆောင်ရွက်ပေးသွားမယ်လို့ သူက ဆက်လက်ပြောပါတယ်။
ဒီကနေ့ ကျောင်းဖွင့်ပွဲကို အဆိုတော် မူးလာနဲ့ Russell တို့ လည်း Online က တဆင့်တက်ရောက်ခဲ့ပြီးတော့ သီချင်းတီးခတ်ဖျော် ဖြေခဲ့တယ်လို့သိရပါတယ်။