ဓာတ်ပုံ - BPDF

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲခရိုင်ရဲတပ်ဖွဲ့၊ မှု ခင်းနှိမ်နှင်းရေးတပ်စုမှ ရဲတပ်ကြပ်ကြီး ၂ ဦး CDM ပြု လုပ်အလင်းဝင်လာတယ်လို့ ဘော်လခဲ PDF က ဒီကနေ့မှာထုတ်ပြန်ပါတယ်။

ဘောလခဲရဲတပ်ဖွဲ့ မှုခင်းနှိမ်နှင်းရေးတပ်စုမှ ရဲတပ်ကြပ် ကြီး ဝင်းထွန်း နဲ့ နယ်ထိန်းရဲတပ်ကြပ်ကြီး ကိုမျိုးဆွေဦး တို့ဟာ ဇူလိုင်လ ၃ ရက်နေ့ကဘောလခဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – BPDF ထံကို ဝင်ရောက်လာခဲ့တာလို့ဆိုပါတယ်။

CDM ရဲတပ်ကြပ်ကြီး ၂ ဦးနဲ့အတူ ၇.၆၂ မမ ကျည် ၃၂၁ တောင့်၊လက်ပစ်ဗုံး ၆ လုံးနဲ့ ဆက်သွယ်ရေး စကားပြောစက် ၂လုံးပါရှိလာပြီး BPDF ဆီကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း ဘော်လခဲစစ်ဆေးရုံ ကုတင် ၂၅ က စစ်သူနာပြု ဗိုလ်ကြီး ၁ ဦး ဘော်လခဲ PDF ဆီမှာ CDM ပြုလုပ်ခဲ့ပါသေးတယ်။