
ဧရာဝတီတိုင်းမ်
ဇူလ်ိုင်လ ၆ ရက်
ဇူလှိုင်လ (၄) ရက်နေ့က ဖြစ်ပွားခဲ့သည့် ရှမ်းပြည်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာအနီး စစ်ကောင်စီကုန်းစခန်းတိုက်ပွဲတွင် KA၊ KNDF ၊ PDF ပူးပေါင်းအဖွဲ့မှ ၁၁ ဦး ကျဆုံးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
ဇူလိုင်လ ၄ ရက်နေ့ မနက် ၅ နာရီအချိန်၌ ဖယ်ခုံမြို့နယ် ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လွယ်ပသာ ကုန်းစခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF PDF (Phekhon)၊ SSRY အဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ကာ၊ စစ်ကာင်စီ၏ လွယ်ပတာ စခန်းကို သိမ်းပိုက်ရရှိလုနီးပါးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြစ် အဆမတန် အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန်စစ်ကူအင်အားတို့ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်များမှ နေ့လည်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် ဘက်မှ (၄၀) ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့ကာ စစ်ကောင်စီ၏ အဆမတန် လက်နက်ကြီးပစ်ခတ်မှုနှင့် သာလွန်စစ်ကူအင်အားတို့ကြောင့် တပ်စခန်းများကို ဝင်ရောက်စီးနှင်းမှုအတွင်း မိမိတို့ ပူပေါင်းတပ်ဖက်မှ ရဲဘော် (၁၁) ဦးကျဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း ရဲရင့်စွာကျဆုံးသွားသော ရဲဘော်များကို အာဇာနည် သူရဲကောင်းများ အဖြစ် KNDF မှ သမိုင်းမှတ်တမ်းတင်အလေးပြုပါသည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ရေးသားထုတ်ပြန်ထားသည်။