ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ဇန်နဝါရီလ ၄ ရက်နေ့တွင် လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော် BLPA တပ်ဖွဲ့ထံကသိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီမှ ည ၆ နာရီအထိ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးကြောင်း ကျားသစ်နက်တပ်မတော် B.L.P.A တပ်ဖွဲ့ဝင်များကပြောသည်။
“ကျွန်တော်တို့ ရဲစခန်းနဲ့ပျူစောထီးတွေကို လက်နက်ကြီးနဲ့ အချက် ၃၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးတယ်လို့သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှု တစ်ဦးရှိခဲ့ပါတယ်။ဆိုးရိမ်စရာတော့မရှိပါဘူး” ဟုကျားသစ်နက်တပ်မတော် B.L.P.A တပ်ဖွဲ့မှ ဗိုလ်ဥက္ကာ က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ပွဲကို ကျားသစ်နက်တပ်မတော် B.L.P.A
ယင်းမာပင်ခရိုင်အမှတ်-11 တပ်ရင်း နှင့်အတူ ကျားသစ်နက်တပ်မတော် B.L.P.A ပခုက္ကူခရိုင် အမှတ်-၁၅ တပ်ရင်း၊M.P.L အလယ်မြေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညို ပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ဓာတ်ပုံ-ကျားသစ်နက်တပ်မတော်၏ ပုံဟောင်းဖြစ်သည်။
#Ayeyarwaddy_Times