ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားတိုက်ခိုက်မှု အပါအဝင် မည်သည့်ရန်လိုမှုကြောင့်ဖြစ်စေ တောင် ကိုရီးယားနိုင်ငံကို ကာကွယ်ပေးဖို့ အမေရိကန်နိုင်ငံက အပြည့်အဝ သံန္နိဌာန်ချထားတယ်လို့ အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ ကာရင်းဂျင်းပီယာရီက ပြောကြားလိုက်ပါတယ်။
တိုက်ခိုက်ရေးအတွက် ပူးတွဲအသင့်ဖြစ်မှု ပိုမို တိုးတက်လာစေဖို့ မဟာမိတ်နိုင်ငံတွေ လုပ်ဆောင်နေတယ် လို့ ကာရင်းဂျင်းပီယာရီက ဆိုပါတယ်။
“ကျွန်မတို့ရဲ့မဟာမိတ် တောင်ကိုရီးယားနိုင်ငံကို မြောက်ကိုရီးယားရဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကမဆို ကာကွယ်ပေးဖို့ အမေရိကန်နိုင်ငံက အပြည့်အဝ သံန္နိဌာန်ချထားပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့ ပူးတွဲ နျူကလီးယားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ဆွေးနွေးနေခြင်းရှိ မရှိ မေး မြန်းရာတွင် “မရှိပါဘူး” ဟု သမ္မတ ဂျိုးဘိုင်ဒင်က ဖြေကြားပြီးနောက် ကာရင်းဂျင်းပီယာရီက အခုလိုမှတ်ချက်ပြု တာ ဖြစ်ပါတယ်။
နျူကလီးယားစစ်ရေးလေ့ကျင့်မှုတွေကို နျူကလီးယားလက်နက်ပိုင်နိုင်ငံတွေကြားသာ ပြုလုပ်လေ့ရှိပြီး သမ္မတနှစ်ဉီးက ပူးတွဲကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့သာ ညွှန်ကြားခဲ့တာလို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံသို့ လုံခြုံရေးဆိုင်ရာ အကူအညီပေးမယ်လို့ နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကို လက်ဉီးမှုရယူပြီး မဟာဗျူဟာ နျူကလီးယားလက်နက်တွေနဲ့ တိုက်ခိုက်မယ် လို့ မြောက်ကိုရီးယားနိုင်ငံက လူသိရှင်ကြား ခြိမ်းခြောက်ခဲ့ပါတယ်။
ကိုးကား – Yonhap
Ref; U.S. fully committed to defending S. Korea against N. Korean hostility: White House