ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဥ်းသားတွေကိုပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဥ်းသား ၃၈ ဦးပါ၀င်လာတယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“၅၀၅နဲ့ အမိန့်ချပြီးသားသူတွေ လွှတ်တဲ့အထဲမှာပါတယ်။ အမျိုးသား၃၀ဦး အမျိုးသမီး၈ဦး စုစုပေါင်း၃၈ဦးပါ။ အများစုကတော့ လွတ်ရက်နီးတဲ့ သူတွေပါ”လို့ ကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားအများစုဟာ စစ်ကောင်စီက ၅၀၅(က)၊၅၀၅(ခ)စတဲ့ပုဒ်မတွေနဲ့
ထောင်ဒဏ် ၂နှစ်စီ ကျခံနေရသူတွေဖြစ်ပြီး ထောင်ဒဏ်ကလွှတ်ဖို့လပိုင်းသာကျန်ရှိသူတွေအများဆုံးပါ၀င်တယ်လို့သိရပါတယ်။
လွှတ်မြောက်လာသူတွေထဲမှာ ထောင်ဒဏ်၂နှစ်ကျခံနေရတဲ့ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာဟောင်းတစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းထွန်းနဲ့အလွတ်တန်းသတင်းထောက်မရွှေရည်၀င်းတို့အပြင် ပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင့်ရေးဆန္ဒပြပွဲတွေမှာဖမ်းဆီးခံရတဲ့လူငယ်တစ်ချို့ပါ၀င်လာတယ်လို့သိရပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ အကျဥ်းသားတွေကိုညနေ၆နာရီအချိန်ကြမှစတင်လွှတ်ပေးတာဖြစ်ပြီးလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၃၈ဦးအပါအ၀င်တခြားအမှုအကျဥ်းသားတွေအပြနဲ့ရဲဘက်စခန်းတွေက အကျဥ်းသား၂၃၅ဦးပါ၀င်တယ်လို့အကျဥ်းဦးစီးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
#Ayeyarwaddy_Times