ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာတွင် စစ်ကောင်စီတပ်မှ အမျိုးသမီး ၂ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာသည် အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ပြည်သူ၂၀ကျော်ကိုဖမ်းဆီးကာ အိမ်ခြေ တစ်ရာခန့်ကို ဇန်နဝါရီ၁ရက်နေ့ညနေ ၅ နှာရီခန့်တွင် မီးရှို့ခဲ့ကြပြီး ဖမ်းဆီးထားသူ ၂၀ ကျော်အနက် ဒေသခံပြည်သူ၂၀ ကျော်ထဲက ၉ ဦးကို ရွာနဲ့မနီးမဝေးတွင် ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံက သိရသည်။

“ရွာမှာရှိတဲ့ စစ်ကောင်စီထောက်ခံတဲ့ပြည်သူအချို့က ရွှေဘို ဘက်မှာ ပျူသင်တန်းသွားတက်ပြီး ဒီဇင်ဘာ၂၈ရက်နေ့မှာ စစ်ကောင်စီတပ်တွေကို ရွာထဲခေါ်လာတယ်၊ပြီးတော့ သေနတ်နဲ့ပစ်ခတ်ကာ ရွာသား၂၀ ကျော်ကိုဖမ်းပြီး အမျိုးသမီး‌ နှစ်ဦးအပါဝင် ၈ ယောက်ကို တော့ မနီးမဝေးမှာပဲ သတ်ပစ်လိုက်တယ်။ အဘိုးအိုတစ်ဦးကိုတော့ အလောင်းဖျောက်ထားတယ်၊နောက်မှ အမှတ်မထင်သွားတွေ့မှသိရတာ၊ဇန်နဝါရီ၃ရက်နေ့မှာ ရွာအပြင်ဘက် လမ်းပိုင်းမှာသူတို့ရဲ့ ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်တိုက်ခိုက်ပြီး ကျတော်တို့ကာကွယ်ရေးတပ်သားတစ်ဦးကျဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်၊ကျတော်တို့အနေနဲ့ကတော့ ပြည်သူတွေကိုအနိုင်ကျင့်ဗိုလ်ကျနေတဲ့ ဒီအကြမ်းဖက်စစ်ကောင်စီကို ဒီနှစ်ထဲမှာ အမြစ်ဖြတ် ချေမှုန်းသွားမယ်”ဟု ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့မှာ အလယ်လျှိုကျေးရွာတွင် အထိုင်ချဖို့ ကတုတ်ကျင်းနှင့် ဘန်ကာများ ပြုလုပ်ထားကြသော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်ခြင်း၊အဆိုပါစစ်‌ ကောင်စီတပ်၏ ရိက္ခာထောက်ပံ့ရေးယာဉ်ကို လမ်းတွင်မိုးဆွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် စစ်ကောင်စီတပ်တို့အထိနာကာ ဇန်နဝါရီလ ၂ ရက်နေ့တွင် အလယ်လျှိုကျေးရွာမှ ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#ခင်ဦး #အလယ်လျှို‌ကျေးရွာ #စစ်ကောင်စီတပ် #မီးတင်ရှို့ #အမျိုးသမီး
#Ayeyarwaddy_Times