ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ထောင်ဒဏ်၂နှစ်ကျခံနေရတဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာဟောင်းတစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းထွန်းကို စစ်ကောင်စီကလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ယနေ့ ဇန်နဝါရီလ ၄ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
“လွတ်တဲ့အထဲမှာပါတယ်ချက်ခြင်းမလွှတ်ပဲမနက်ထဲက ထောင်ဓမ္မာရုံ မှာစုပြီး တစ်ဦးခြင်းစီလွှတ်ပေးနေတာခုအိမ်ပြန်ရောက်နေပါပြီ”လို့ သူ့ရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က နေ့အိမ်မှာဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ ဩဂုတ်လ ၁၀ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချခဲ့တာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိမှာပုသိမ်အကျဥ်းထောင်က အကျဥ်းသား၂၀၀ ကျော်လွှတ်ပေးမှာဖြစ်ပြီး ကိုမျိုးမင်းထွန်းအပြင် အလွတ်တန်းသတင်းထောက်မရွှေရည်၀င်းတို့ပြန်လည်လွှတ်မြောက်လာတာတွေ့ရတယ်လို့ အကျဥ်းထောင်ရှေ့မှာ သွားရောက်ကြိုဆိုနေသူတွေထံကနေသိရပါတယ်။
#ဧရာဝတီတိုင်းမ် #အယ်ဒီတာဟောင်း #ကိုမျိုးမင်းထွန်း #ပြန်လည်လွတ်မြောက်လာ
#Ayeyarwaddy_Times