ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ခလရ ၃၂၊ ခလရ ၂၈၃ နှင့် ခလရ ၂၈၄ မှ စစ်ကောင်စီတပ်များမှာ မြ၀တီခရီုင်ရှိ ဝေါလေဒေသနှင့် ဘုရားသုံးဆူဒေသရှိ ရှေ့တန်းစခန်းများ၌ စစ်ဆင်ရေး (ရှေ့ တန်း) ထွက်နေစဉ် နောက်တန်းမြို့ပေါ်ရှိ တပ်ရင်းများကို ကရင့်ပူးပေါင်းတပ်များက တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့မနက်ပိုင်းက ကရင့်ပူးပေါင်းတပ် တော်လှန်ရေးအင်အားစုများမှာ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အဆိုပါတပ်ရင်း ၃ ခုကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ခလရ ၃၂ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇင်ဦး၏ဇနီးဖြစ်သူ ဒေါ် သီရိဝေအပါအဝင် အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
”ခလရ ၃၂ က ဝေါလေမှာ ရှေ့တန်းထွက်နေရတာ။ ခလရ ၂၈၃ နဲ့ ၂၈၄ က ဘုရားသုံးဆူဘက်မှာ နေရာယူထားရတာ။ အဲ့တပ် ၃ တပ် ရှေ့တန်းထွက်နေတုန်း နောက်တန်းက တပ်ရင်း ၃ ခု အတိုက်ခံရတာ။ ခလရ ၂၈၄ တပ်ထဲက အဆောက်အဦးတချို့တွေဆို မီးပါအရှို့ခံလိုက်ရတယ်။ သိရသ လောက်တော့ တပ် ရင်းမှူးကတော်နဲ့ အများအပြားတော့ အဖမ်းခံလိုက်ရတယ်။ အရေအတွက်တော့အ တိအကျ မသိရသေးဘူး။ တပ်ရင်းမှူးနဲ့စစ်ကောင်စီတပ်သားတွေ ရှေ့တန်းထွက်နေတုန်း နောက်တန်းကတပ်ရင်းကဝင်အစီးခံရပြီးတပ်ရင်းမှူးကတော် အဖမ်းခံလိုက်ရတာ”ဟု ကရင်ပြည်နယ်အတွင်းရှိ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ခလရ ၂၈၃ ၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး သန့်ဇင်ဝင်း၊ ခလရ ၂၈၄ ၏တပ်ရင်းမှူးမှာ ဗိုလ်မှူး နေလင်းမောင်နှင့် ခလရ ၃၂ ၏ တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး ကျော်ဇင်ဦးတို့ဖြစ်ကြောင်းစုံစမ်းသိရပြီး အဆိုပါတပ်ရင်း များမှ တပ်ရင်းမှူးများနှင့်စစ်ကောင်စီတပ်သားများ ရှေ့တန်းထွက်နေစဉ် မြို့ပေါ်ရှိ နောက်တန်းတပ်ရင်းများ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ခလရ ၂၈၃တိုက်ခိုက်ရေးဝင်ရောက်နေသည့် ဘုရား သုံးဆူမြို့နယ်အတွင်းရှိ တောင်စွန်းစစ်ကောင်စီနှင့် BGF ပူးပေါင်းစခန်း ကိုလည်း ကရင့်ပူးပေါင်းတပ် တော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းတိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၈၃ တပ်မှ စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေ ဆုံးမှု များပြားခဲ့ကြောင်း မြေပြင်စစ်ရေးသတင်း များအရ သိရသည်။
မြေပြင်ရှိ တော်လှန်ရေးအင်အားစုများ၏ သတင်း ပေးပို့ချက်အရ ယနေ့ မနက်ပိုင်းတွင် ခလရ ၂၈၄ နှင့် ခလရ ၃၂ တပ်ရင်း ၂ ခုကို ကရင့်ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုကခဲ့ပြီးနောက် ခလရ ၂၈၃ တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
“ခလရ ၃၂ နဲ့ ၂၈၄ က ရပြီးပြီ။ ၂၈၃ က ဆက်တိုက်နေတုန်းပဲ”ဟု KNLA တပ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကြာအင်းဆိပ်ကြီးအခြေစိုက်တပ်ရင်း ၃ ခု တပြိုင် နက်ထဲ စီးနင်းတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင် စီဘက်မှ ကရင့်ပူးပေါင်းတပ်များကို တိုက် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ကရင်တော်လှန် ရေးပူးပေါင်းစစ်ကြောင်းများမှ သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ တိုက်ပွဲများအတွင်းထိခိုက်သေဆုံးမှုများအား ဧရာဝတီတိုင်းမ်အနေဖြင့်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဓာတ်ပုံ – အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)။
#ကြာအင်းဆိပ်ကြီး #ခလရ၂၈၃ #၂၈၄ #၃၂ #တ်ုက်ပွဲသတင်း #Ayeyarwaddy_Times