ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်တာကို အလွန်အမင်း စိုးရိမ်မိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ အကြောင်းမဲ့ ထိန်း သိမ်းခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်လျှောက်လှမ်းဖို့ တောင်ကိုရီးယား နိုင်ငံက စဉ်ဆက်မပြတ် တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူလင်ဆိုဆတ်ခ်က မနေ့ကပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းပြီး ဒီမို ကရေစီ ပြန်လည်ကျင့်သုံးရေး လုပ်ဆောင်မယ့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘောဆောင်သော ဆွေးနွေးမှုတွေ စတင်တာပါဝင်တဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ရရှိထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို ဖော် ဆောင်ဖို့ တောင်ကိုရီးယားအစိုးရက စစ်ကောင်စီကို တိုက်တွန်းတယ်လို့ သူက ဆိုပါတယ်။

မကြာသေးမီက တရားစီရင်မှုတစ်ခုမှာ စစ်ကောင်စီတရားရုံးက အသက် ၇၇ နှစ်အရွယ် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ခုနှစ်နှစ် ထပ်တိုးချမှတ်ခဲ့လို့ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်အထိ ကျခံရနိုင်တာကြောင့် ဘဝတစ်ခုလုံး အကျဉ်းချလိုက်တာပဲဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD ပါတီ က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းကာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု၊ မဲလိမ်လည်မှု၊ ကိုဗစ်-၁၉ စည်းကမ်းချိုး ဖောက်မှု အပါအဝင် အမှု ၁၉ မှုနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

ကိုးကား – KBS World
Ref; Seoul Voices Concern over Aung San Suu Kyi’s 33-Yr. Sentence