ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်

နိုင်ငံတစ်ဝှမ်းအကျဉ်းထောင်၊အချုပ်ထောင်အသီး သီးတွင် အကျဉ်းကျခံနေရသည် အကျဉ်းသား ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ယနေ့တွင်ထုတ်ပြန်သည်။

ရန်ကုန်၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်း သား ၂၀၀၀ ကျော်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်တပ်ဝါဒဖြန့် Nwes Of Myanmar တယ်လီဂရမ်ချန်နယ်တွင်ဖော်ပြထားသည်။

ယနေ့ပြန်လည်လွတ်မြောက်လာမည့်သူများတွင် အရပ်သားအစိုးရလက်ထက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ ဇေကမ္ဘာကုမ္ပဏီဥက္ကဌ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟ တို့ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန် အကျဉ်းဦးစီးဌာနအသိုင်းအဝိုင်းတွင်သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း အမျိုး သားနေ့အထိမ်းအမှတ်ဟုဆိုကာ စစ်ကောင်စီမှ အကျဉ်းသား ၅၇၇၄ ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။

#လွတ်ငြိမ်း #အကျဥ်းထောင် #၇၀၁၂ #Ayeyarwaddy_Times