ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ ရွှေတောင်ရွာတွင်ဒီဇင်ဘာလ ၂ရက်နေ့က PDF ထောက်ပို့တစ်ဦးအပါအဝင် အသက် ၁၀၀ ဝန်းကျင်နှင့် ၇၀ ကျော် အဘိုးအို ၂ ဦးကို စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့ကြောင်းသတင်းရရှိသည်။
အင်အား ၆၀ ကျော်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းမီာ ရွှေတောင်ရွာရှိ လူနေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာလုံခြုံရေးအဖွဲ့ဝင် PDF ထောက်ပို့တစ်ဦးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုကျော်ဌေး(ခ)မှေးကြီး၊ အသက် ၁၀၀ ဝန်းကျင်ရှိပြီဖြစ်သည့် ဦးစံဖဲနှင့် အသက် ၇၅ နှစ်အရွယ် ဦးချစ်ဖြိုးတို့ကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“သူတို့က ရွာအဝင်မှာ မှိင်းဆွဲခံရတာတော့ တော်တော်အထိနာတယ်။ ပြီးတော့ ရွာထဲဝင်ပြီး အိမ်တွေမီးရှို့ သေနတ်နဲ့ ရမ်းသမ်းပစ်ပြီး ရွာသား ၃ဦးကို သတ်သွားတယ်။ သူတို့က ပြည်သူတွေကို ကာကွယ်ရမယ့်အစား ပြည်သူတွေသတ်နေတာဟာ ရိုင်းစိုင်းတဲ့လုပ်ရပ်ပါ။ ခုလိုဥပဒေမဲ့သတ်နေတာဟာ သူပုန်စစ်တပ်ဖြစ်တယ်”ဟုဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ရွှေတောင်ရွာသို့ အဝင်တွင် PDF များ၏ မိုင်းဆွဲတိုက်ခိုက်ခံခဲရ၍ အထိနာခဲ့ပြီး ထိခိုက်သေဆုံးသူများကို ကားဖြင့် ဘုတင်လင်မြို့နယ်ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားသည့် ရွှေတောင်ကျေးရွာ၏ မြင်ကွင်းအချို့။
#ဘုတလင် #စစ်ကောင်စီ #PDF #ထောက်ပို့ #အဘိုးအို #သတ်ဖြတ်
#Ayeyarwaddy_Times