ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဇန်နဝါရီလ ၃ ရက်
စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာ ကျားတက်ရဲစခန်းအား ယမန်နေ့ ဇန်နဝါရီလ ၂ ရက်၊ ည ၉ နာရီခွဲအချိန်တွင် ဓားမဆိုင်းတပ်မတော် (D.M.S.A) ယင်းမာပင်ခရိုင် တပ်ရင်း-၂၈၊ တပ်ခွဲ(၂)၊တပ်ခွဲ(၄)တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျားတက်ရဲစခန်းအတွင်းသို့ (၆၀)မမ (၇)လက်၊ (၈၀)မမ(၂)လက်၊(၁၂၀)မမ(၃)လက်တို့ဖြင့် လက်နက်ကြီး အလုံး ၄၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရဲစခန်းရှိ စစ်ကောင်စီတပ်သား၊ ရဲနှင့်ပျူစောထီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မြေပြင်အခြေအနေအရ အရေအတွက်ကိုမူ အတိအကျသိရခြင်း မရှိကြောင်း ဓားမဆိုင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါပစ်ခက်မှုအတွင်း ကျားတက်ရဲစခန်းအတွင်း လက်နက်ကြီး(၁၀)လုံး ကျရောက်ကာ ရဲစခန်းပတ်ပတ်လည်တွင် (၁၀)လုံး ကျရောက်ခဲ့ပြီး
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
#ဆားလင်းကြီး #ကျားတက်ရဲစခန်း #PDF #လက်နက်ကြီး #ပစ်ခတ်တိုက်ခိုက်
#Ayeyarwaddy_Times