ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြို့အထွက်ရှိ ဘီးခွန်မောင်းတံဂိတ်အနီးတွင် ယနေ့ ဇန်နဝါရီလ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်စစ်မှုထမ်းဟောင်းတစ်ဦးပစ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါစစ်မှုထမ်းဟောင်းမှာ သန်းလင်းအောင်ဆိုသူ ဖြစ်ပြီး ၄င်းမှာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး လမ်းသွားလမ်းလာပြည်သူများထံမှငွေတောင်းခံနေသူဖြစ်သည့်အပြင် စစ်ကောင်စီထံ သတင်းပေးဒလန်ပြုလုပ်နေသူဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။
“သူက စစ်တပ်ထွက် စစ်သားဟောင်းပေါ့။ စောက်ကျင့်မပျောက်ဘူးပေါ့ဗျာ။ အဲဒီက ဖြတ်သမျှလူတွေ ကို စစ်တပ်နဲ့ပေါင်းပြီး ပိုက်ဆံတောင်းနေတာ။ သောင်းကျန်းနေတာပေါ့။ သူက အာ့မောင်းတံဂိတ်နားမှာပဲနေတာ၊ လာပစ်တော့ ထွက်ပြေးတာဒဏ်ရာတွေနဲ့ပြီးမှသေတာ”ဟု ဒေသ ခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်မှုကြောင့် ၎င်းတွင် ရင်ဘတ်နှင့် ဦးခေါင်းတို့ကို ကျည်ထိမှန်ခဲ့ပြီး နေရာတွင်သေဆုံးသွားကြောင်း နွားထိုးကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရှိရသည်။
၎င်းပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ဒေသတွင်း တော် လှန်ရေးအဖွဲ့မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါ။
#နွားထိုးကြီး #စစ်မှုထမ်းဟောင်း #ပစ်သတ်ခံရ #AyeyarwaddyTimes