ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်

၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် တစ်စုံတစ်ဉီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမယ့်နှစ် ဖြစ်လာပါလိမ့်မယ်။ လူအများစုက တစ်ကောင်တည်းပြိုင်တဲ့ မြင်းဖြစ်လာမယ်လို့ ယုံကြည်နေတဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီက သြ ဂုတ်လအတွင်း ပြုလုပ်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလသမဂ္ဂလိုမျိုး နိုင်ငံတကာ အဖွဲ့အ စည်းတွေအတွက် သေချာပေါက် ခေါင်းကိုက်စေမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ စစ်ကောင်စီက အနိုင်ရရင် အ နောက်နိုင်ငံတွေက စစ်ကောင်စီနဲ့ မဟာမိတ်တွေကို ပိုမို ပြင်းထန်စွာ အရေးယူမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ဟာ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးအတွက် ရှုပ်ထွေးတဲ့နှစ်တစ်နှစ် ဖြစ်လာနိုင်ပါ တယ်။ မြန်မာ့အရေး ဝေဖန်နေသူအများစုနဲ့မတူတာက ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အိမ်နီးချင်း မြန်မာ နိုင်ငံအပေါ် နားလည်မှုပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

နှစ်နိုင်ငံကြား ကီလိုမီတာ ၂၄၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ထိုင်းနိုင်ငံက စစ်ကောင်စီ အပေါ် ဖိအားပေးတာ မရှိခဲ့သလို အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေိကို ထောက်ခံတာလည်း မရှိခဲ့ပါဘူး။ ဒါပေ မယ့် ထိုင်းနဲ့မြန်မာဟာ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။

ထိုင်းအစိုးရအဆက်ဆက်နဲ့ ထိုင်းစစ်တပ်က မြန်မာစစ်အစိုးရတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ပါဝင်ခဲ့သလို နှစ်နိုင်ငံနယ်စပ်တွေဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နေရပ်ရွှေ့ပြောင်းလိုတဲ့ အရပ်သားတွေ ခိုလှုံရာနေရာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေ တာကို ထိုင်းနိုင်ငံက ကန့်ကွက်သင့်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် ပြည်သူ ၂၆၀၀ ကျော် သေဆုံးကာ ၁၆၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် ဒွန်ပရာမူဒီနိုင်းနဲ့ အထူးကိုယ် စားလှယ်တွေ နေပြည်တော်သို့ ကြိမ်ဖန်များစွာ သွား ရောက်ခဲ့ပါတယ်။ ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့လအတွင်း ဗန် ကောက်မြို့တော်မှာ စစ်ကောင်စီ ကိုယ် စားလှယ်တွေအပြင် လာအိုနဲ့ ကမ္ဘောဒီးယားအစိုးရရဲ့ ဝန်ကြီးတွေ တက်ရောက်ခဲ့တဲ့ အလွတ်သဘော အစည်းအဝေးတစ်ရပ်ကို လက်ခံကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲရလဒ်ကို ဖေဖော်ဝါရီလအတွင်း ထုတ်ပြန် ကြေညာမှာဖြစ်ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံကို နားလည်မှုပေးတဲ့မူဝါဒ နှစ်နှစ်တာကျင့်သုံးခဲ့ပေမယ့် ထိုင်းနိုင်ငံရဲ့ ချည်းကပ် နည်းက ဘာအောင်မြင်မှုမှ မရရှိခဲ့ပါဘူး။ မြန်မာ့အရေးအတွက် စနစ်ကျသော လူသားချင်းစာနာမှုဆိုင်ရာ အဖြေ တစ်ခုရှာဖို့ ထိုင်းအစိုးရအတွက် အချိန်ကျရောက်ပြီဖြစ်ပါတယ်။

ထိုင်းအစိုးရက နယ်စပ်နေ ဒုက္ခသည်တွေကို အကူ အညီပေးခဲ့ပေမယ့် ဒီနှစ်မှာ ဒေသခံ အစိုးရမဟုတ် သော အဖွဲ့အစည်းတွေ၊ ပြည်ပအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အကူအညဖြန့်ဖြူးမှု အရှိန်မြှင့်ရမှာဖြစ်ပါ တယ်။ ထိုင်းအစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နေရပ်ပြန်မပို့ရေးမူဝါဒကို တရား ဝင် ကြေညာရမှာဖြစ်သလို အာဆီယံနိုင်ငံတွေကိုလည်း ဒီမူဝါဒကျင့်သုံးဖို့ တိုက်တွန်းရပါမယ်။

မြန်မာစစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့နဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူအချို့ကို ကြိုး ပေးကွက်မျက်ပြီး အကျဉ်းချနေတာကြောင့် တက်ကြွလှုပ်ရှားသူတွေကို နေရပ်ပြန်ပို့တာ ဆိုးရွားတဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတစ်ခု ဖြစ်ပါတယ်။

လူမှောင်ခိုကူးမှုလိုမျိုး သက်ဆိုင်ရာကိစ္စရပ်တွေ ဖြေရှင်းဖို့ အစည်းအဝေးတွေကျင်းပခြင်း၊ အခက်အခဲ ကြုံတွေ့နေချိန်မှာ လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေးလမ်းညွှန်ချက်တွေ ပေးခြင်းအားဖြင့် မြန်မာ့အ ရေးအတွက် အစီအမံတွေချမှတ်ပြီး လုပ်ဆောင်ဖို့ ထိုင်းနိုင်ငံအတွက် အချိန်ကျရောက်ပြီဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ထိုင်းနိုင်ငံက စေ့စပ်ညှိနှိုင်းပေးနိုင်ပါတယ်။
နီးကပ်သော နှစ်နိုင်ငံဆက်ဆံရေး ထိန်းသိမ်းဖို့ သို့မဟုတ် မြန်မာနိုင်ငံမှာ သိသာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိ နေတဲ့ PTT Group လိုမျိုး ထိုင်းကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့မဟုတ်ဘဲ မြန်မာ့အရေး ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နေတယ်ဆိုတာ ထိုင်းနိုင်ငံက ကမ္ဘာကြီးကိုပြသဖို့ လိုအပ်နေပါပြီ။

ဇန်နဝါရီလ ၃ ရက် ထုတ် Bangkok Post သတင်းစာပါ အယ်ဒီတာ့အာဘော် Change tack on Myanmar ကို ဆီ လျော်အောင် ဘာသာပြန်ဆိုထားပါတယ်။