ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်

အမေရိကန်နိုင်ငံက တောင်ကိုရီးယားနဲ့ ပူးတွဲ နျူကလီးယား စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ မဆွေးနွေး ဘူးလို့ သမ္မတ ဂျိုးဘိုင်ဒင်က ငြင်းဆန်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကိုတန်ပြန်ဖို့ အမေရိကန် နျူကလီးယားလက်နက် တွေပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ တောင်ကိုရီးယားနဲ့အမေရိကန်က ဆွေးနွေးနေတယ်လို့ တောင် ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက သတင်းစာတစ်စောင်နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ ပူးတွဲ နျူကလီးယား စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ဆွေးနွေးနေခြင်းရှိ မရှိ အိမ်ဖြူ တော်မှာ သတင်းထောက်တွေက မေးမြန်းခဲ့ရာ ဂျိုးဘိုင်ဒင်က မရှိပါဘူး လို့ ဖြေပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက မြောက်ကိုရီးယားနိုင်ငံအပေါ် သဘောထား တင်းမာစွာ တုံ့ ပြန်ခဲ့ပြီး စစ်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ပိုမိုထိရောက်စွာ လက်တုံ့ပြန်ဖို့ တောင်ကိုရီး ယားက အမေရိကန် နျူကလီးယားတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးမှာ ပါဝင်လိုတယ်လို့ သူက သတင်းစာကို ပြောပါ တယ်။

နျူကလီးယားလက်နက်တွေကို အမေရိကန်နိုင်ငံက ပိုင်ဆိုင်ပေမယ့် သတင်းအချက်အလက်မျှဝေတာနဲ့ စစ်ရေးလေ့ကျင့်တာကို နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်သင့်ပါတယ် လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုတင်းမာစွာ လက်တုံ့ပြန်မယ်လို့ မေလအတွင်း အာဏာရရှိခဲ့တဲ့ ယွန် ဆတ်ခ်ယိုက ကတိပြုပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ စနေနေ့က ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ပြီးနောက် နှစ်သစ်ကူးည ပိုင်းမှာ အရှေ့ဘက်ကမ်းရိုးတန်းသို့ တာတို ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။

ကိုးကား – Aljazeera
Ref; Biden denies US in talks on nuclear exercises with South Korea