ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဒီဇင်ဘာလလ ၁၇ ရက်နေ့က စရဖတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံခဲ့ရတဲ့ စစ်ကောင်စီသတင်းပေး ၂ ဦးထဲက ဇော်ဝင်းဆိုသူဟာ ပြန်လည် လွတ်မြောက်လာပြီး ကျေးရွာထဲ သောင်းကျန်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီသတင်းပေး ဇော်ဝင်းဟာ ကြက်ဝိုင်းလောင်းကစားငွေ ငွေစုခွဲရာကနေ ငွေစုမတည့်လို့ အချင်းချင်းအတိုင်ခံရာကာ စစ်ကောင်စီတပ်သားတွေရဲ့ ပြန်လည် ဖမ်းဆီး တာကို ခံခဲ့ရတာဖြစ်ပြီး ၂ ပတ်လောက်ကြာမှပြန်လွတ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူမှာပိုင်တဲ့အကောင်ကြီးတွေရှိတယ် သူကိုယ်တိုင်က ၅၃၄ တပ်ရင်းမှူးလောက်တော့ ဂရုစိုက်စရာမလိုဘူးဆိုပြီး ရပ်ကွက်ထဲပတ်စိန်ခေါ်နေတာလို့” ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
အမှတ် ၉ ရပ်ကွက်မှာနေတဲ့ စစ်ကောင်စီသတင်းပေး ဒလန်ဇော်ဝင်း ဆိုသူဟာ ပြန်လွတ်လာပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုဆိုးလာပြီး ဒေသခံပြည်သူတွေကို ခြိမ်းခြေက် စိန်ခေါ် တာတွေပိုလုပ်လာတယ်လို့ ဆိုပါတယ်။
သူနဲ့အတူတူ ဖမ်းဆီးခံခဲ့ရတဲ့ စော်ကဲချောင်းကျေးရွာက စစ်ကောင်စီသတင်းပေး ဒလန်မြင့်နိုင်ကတော့ ပြန်လွတ်လာတာ မတွေ့မိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။