ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်
ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၆၃ ဉီး သေဆုံးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ HIMARS ဒုံးကျည်နဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ တာလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
စနေနေ့ညပိုင်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ ယူကရိန်းနဲ့ ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ သေ ဆုံးသူတွေဟာ အရန်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သေဆုံးသူ ရာဂဏန်းအထိ မြင့်တက်လာနိုင်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။
အရန်တပ်ဖွဲ့ဝင်တွေ မိုဘိုင်းဖုန်း မကြာခဏ အသုံးပြုမှုကြောင့် ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတာဖြစ်နိုင်တယ် လို့ ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဒေသန္တရ တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားစစ်သားတွေ အသုံးပြုတဲ့ မိုဘိုင်းဖုန်းအချက်အလက်တွေကြောင့် တည်နေ ရာကို ခြေရာခံနိုင်ခဲ့တာလို့ TASS သတင်းဌာနက ဆိုပါတယ်။
ရုရှားနိုင်ငံက အခုလိုတပ်ဖွဲ့ဝင်အများအပြား သေဆုံးတာကို ဝန်ခံတာ ရှားပါးဖြစ်စဉ်ဖြစ်လို့ ဒီတိုက်ခိုက်မှု က ရုရှားတပ်ဖွဲ့အပေါ် ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပြီးခဲ့နှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထား တဲ့ ပိုင်နက်နယ်မြေ ၄၀ ရာခိုင်နှုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ယူကရိန်း ကာကွယ်ရေးဉီးစီးချုပ် ဗယ်လာရီ ဇာလစ်ညီက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားတပ်ဖွဲ့ဝင် တစ်သိန်းခန့်ကို သုတ်သင်နိုင်ခဲ့ကာ ဧရိယာ ၁၃၄၆ ဟက်တာမှာ ဖောက်ခွဲရေးပစ္စည်းတွေကို ဖယ်ရှားနိုင်ခဲ့ပြီလို့ သူက ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ တိုင်းပြည်အတွက်သာမက ဉရောပတိုက်နဲ့ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးရရှိဖို့ တိုက်ပွဲဝင်နေတာလို့ သူက ပြောပါတယ်။
ကိုးကား – NHK
Ref; Ukrainian rocket strike kills 63 Russian soldiers