ဧရာဝတီတိုင်းမ်
ဇန္နဝါရီလ ၂ ရက်

မန္တလေးမြို့တွင် မလွန်ကျောင်းတိုက်ဆရာတော် အပါအဝင် မြို့ပြပြောက်ကြားအဖွဲ့ဝင် ၁၆ ဦးကို ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတဆင့် သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများမှာ ချမ်းအေးသာဇံမြို့ရှိ မလွန်ကျောင်းတိုက်ဆရာတော် ဦးအိန္ဒြာစက္က ၊ ကိုကျော်မင်းခန့် ၊ ကိုဟိန်းထက်အောင် ၊ မယမင်းကို ၊ ကိုအောင်ထက်ကျော် ၊ ကိုရဲသူစံ ၊ ကိုထက်အောင်လင်း ၊ ကိုလင်းလင်း ၊ မမိုးမြင့်သ ၊ ကိုနေသူရိန် ၊ ကိုလှိုင်မျိုးဝင်း ၊ ကိုအံ့ဖုန်းခန့် ၊ ကိုရန်ပိုင်ထွန်း ၊ ကိုအာကာဖြိုး ၊ ကိုသာထက်ခန့်နှင့် ကိုမျိုးသူအောင် တို့ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသူများမှာ Mandalay Young Force (MYF) မွ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ၊ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများကို ဖောက်ခွဲတိုက်ခိုက်မည့် လက်လုပ်မိုင်းများကိုလည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများတွင် ရေးသားဖော်ပြထားသည်။

#မန္တလေး #သံဃာတော် #မြို့ပြပြောက်ကြား #ဖမ်းဆီး
#Ayeyarwaddy_Times