ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်
ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ် ၊ တောင်စွန်းရွာ BGF စခန်းတွေမှာ ဇန်နဝါရီလ ၁ ရက် ယမန်နေ့မနက် အစောပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တောင်စွန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ်စခန်းတွေကို ကရင့်ပူးပေါင်းတပ်ဖွဲ့ တွေကတိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေများနေတယ်လို့ KNLA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအများအပြားပြုလုပ်နေပြီးဒေသခံတွေထိ ခိုက်မှုတွေရှိတယ်လို့ပြောပါတယ်။
”မနေ့မနက် ၆ နာရီလောက်ကစပြီး တောင်စွန်း BGF စခန်းတွေကို စတိုက်တာ ဒီနေ့အထိတိုက်နေတုန်း။ ထိ ခိုက်ကျဆုံးတွေကတော့ နှစ်ဖက်လုံးများတယ်။ အသေး စိတ်တော့မသိရသေးဘူး ”လို့ KNLAတပ်မဟာ ၆ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီ BGF စခန်းတွေဟာ စစ်ကောင်စီတပ် ခလရ ၂၈၃ နဲ့ BGF ၁၀၂၂ ပူးပေါင်းစခန်းတွေဖြစ်ပြီး ယမန်နေ့ တိုက်ပွဲအတွင်းမှာတော့ BGF တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ထိခိုက်သေဆုံးပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးခန့်ဒဏ် ရာရရှိထားတယ်လို့ BGF သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုအတည်ပြုပြောပါတယ်။
အဲ့ဒီတောင်စွန်းBGF တိုက်ပွဲတွေကို ဦးဆောင်တိုက်ခိုက်နေတဲ့ ဗျူဟာမှူး အယ်ဆေးဝါး ဦးဆောင်တဲ့ Lion Battle စစ်ကြောင်းက BGF စခန်း ၂ ခုကိုသိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားနေ ကာ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်လည်း ၆ ဦးကျဆုံးထားတယ်လို့ထုတ်ပြန်ထားပါတယ်။
#ကရင်ပြည်နယ် #ဘုရားသုံးဆူ #BGF #KNLA၊PDF #တိုက်ပွဲသတင်း #Ayeyarwaddy_Times