ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်
ကိယက်ဗ်မြို့တော်အပေါ် တိုက်ခိုက်မှုတစ်ခုအတွင်း ရုရှားတပ်ဖွဲ့တွေပစ်လွှတ်တဲ့ မောင်းသူမဲ့လေယာဉ် ၄၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့စနေနေ့မှာ ဒရုန်း ၁၃ စင်း၊ တနင်္ဂနွေနေ့မှာ ဒရုန်း ၃၂ စင်းကို ဖျက်ဆီးနိုင် ခဲ့တယ်လို့ တယ်လီဂရမ်မှာ ဇီလန်စကီးက ရုပ်သံဖိုင်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံတစ်ဝန်း အီရန်နိုင်ငံလုပ် အသေခံဒရုန်း Shahed-131/136 တွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
“ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေးကို ယူဆောင်နိုင်မှာမဟုတ်ပါဘူး။ ယူကရိန်းနိုင်ငံရဲ့ လွတ် လပ်ရေးအတွက် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်မှာဖြစ်ပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းပြည်သူတွေနဲ့စာရင် ရုရှားပြည်သူတွေဟာ အကြောက်တရားနဲ့ နေထိုင်နေရတယ်လို့လည်း ဇီ လန်စကီးက ပြောပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ရှုံးနိမ့်နေတဲ့အတွက် ကြောက်ရွံ့နေတယ်လို့ သူက ရုပ်သံဖိုင်အ တွင်း ပြောပါတယ်။
ရုရှားနိုင်ငံ သိမ်းပိုက်ထားတဲ့ ပိုင်နက်နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေက စိတ် ပိုင်းဖြစ်ထားတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Yeni Safak
Ref; Ukraine destroys 45 UAVs in first Russian