ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်

မက္ကဆီကိုနိုင်ငံရှိ အမေရိကန်နယ်စပ်အနီး အကျဉ်းထောင်တစ်ခုကို သံချပ်ကာယာဉ်တွေ စီးနင်းလာတဲ့ သေနတ်သမားတွေက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထောင်ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ရာ အစောင့်ဆယ်ဉီးနှင့် အကျဉ်းသားလေးဉီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် အကျဉ်းထောင်အတွင်း ကစဉ့်ကလျားအခြေအနေ ဖြစ်ပေါ်နေ စဉ် အကျဉ်းသား ၂၄ ဉီးထက်မနည်း လွတ်မြောက်သွားခဲ့ပါတယ်။

ကော်ဒတ်ဂျာရတ်ဇ်ပြည်နယ်ရှိ အကျဉ်းထောင်မှာ မနေ့ကမနက်ပိုင်းက တိုက်ခိုက်ခဲ့ရလို့ လူ ၁၃ ဉီး ဒဏ် ရာရရှိကာ ၁၄ ဉီး သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရရှေ့နေရုံးက ပြောပါတယ်။

ကျည်ကာကားတွေ စီးနင်းလာတဲ့ သေနတ်သမားတွေက နံနက် ၇ နာရီဝန်းကျင်မှာ အကျဉ်းထောင်သို့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ပိုင်းမှာ မက္ကဆီကို စစ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေက အကျဉ်းထောင်ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် အကျဉ်းသား ၂၀ ကျော် လွတ်မြောက်သွားခဲ့ပါတယ်။

လူသေဆုံးမှုရှိတဲ့ အကျဉ်းထောင် တိုက်ခိုက်မှုဖြစ်စဉ်ကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်နယ်အစိုးရှေ့နေရုံးက ပြောပါတယ်။

သြဂုတ်လအတွင်းကလည်း အဲဒီအကျဉ်းထောင်မှာ ဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်မှုတွေ လမ်းမ ပေါ်တွေအထိ ပျံ့နှံ့သွားခဲ့လို့ လူ ၁၁ ဉီး သေဆုံးခဲ့ပါတယ်။

အကျဉ်းထောင်အတွင်း အကျဉ်းသားနှစ်ဉီး သေဆုံးခဲ့ပြီး ရာဇဝတ်ဂိုဏ်းသားတွေက စားသောက်ဆိုင်တစ် ဆိုင်မှာရှိနေတဲ့ ရေဒီယိုအသံလွှင့်ဝန်ထမ်းလေးဉီးကို ပစ်သတ်ခဲ့ပါတယ်။

ကိုးကား – New York Post
Ref; Attack on Mexican border prison leaves at least 14 dead; more than 20 inmates escape