ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီကင်းစခန်းအား ဒီဇင်ဘာလ ၃၁ ရက် မနက် ၆ နာရီဝန်း ကျင်တွင် ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလျှပ်စစ်မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ထံမှသိရသည်။
အရာတော်မြို့နယ် နောင်ကြီးအိုင်ကျေးရွာတွင်အထိုင်ချတပ်စွဲကာ ဒေသခံများ၏ ပစ္စည်းများကိုခိုးယူရောင်းချပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီ ခြင်းများလုပ်ဆောင်နေသည့်စစ်ကောင်စီတပ်နှင့်ရဲများကို ပစ်ခန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှထိခိုက်ကျဆုံးများအားလက်ရှိအချိန်တွင်အတည်မပြုနိုင်သေးကြောင်းနှင့်အဖွဲ့ဝင် ရဲဘော်များအကျဆုံးမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း လျှပ်စစ်မိုးကြိုးမုန် တိုင်းတပ်ဖွဲ့ကဆိုသည်။
အဆိုပါတိုက်ခိုက်မှုအား လျှပ်စစ်မိုးကြိုးမူန်တိုင်းတပ်ဖွဲ့နှင့်အတူ အရာတော်ပကဖရဲဘော်များမှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#အရာတော် #စစ်ကောင်စီတပ် #PDF #တိုက်ခိုက် #၄၀ မမ #Ayeyarwaddy_Times