ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်
ဧရာဝတီတိုင်း ၊ဟင်္သာတမြို့မှာ စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်လွင်ဆိုသူ ဟာ ဇန် နဝါရီလ ၁ရက်နေ့ ၊နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိန်ကသေနတ်ဖြင့် ၆ချက် ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
“ညနေက ဟင်္သာတမြို့နယ် အင်းခဝါကျေးရွာ နားကကားလမ်းမပေါ်မှာအပစ်ခံလိုက်ရတာ သေနတ်ဒဏ်ရာက အရှေ့မှာ၃ချက် ကျောဘက်က၃ချက် ပွဲခြင်းပြီးပဲ “လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
သေဆုံးသွားတဲ့ ဦးကျော်လွင်ဟာ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့မှာ နေထိုင်ပြီးစစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝန်ထမ်းများနဲ့ ဒေသခံပြည်သူများအား သတင်းပေးဖမ်းဆီးခိုင်းနေသူဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သတင်းပေးဟာ စစ်ကောင်စီတပ်နှင့် ရဲများထံသို့ PDF တပ်ဖွဲ့ဝင်များ၏သတင်းများ ပေးပို့နေတာကြောင့်ခုလိုပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ပြောဆိုပါတယ်။
လက်ရှိမှာ ဦးကျော်လွင် သေဆုံးသည့်
ကိစ္စနဲ့ပတ်သတ်ပြီး ဟင်္သာတခရိုင်အတွင်းလှုပ်ရှားနေတဲ့တော်လှန်ရေးအင်အားစုများဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပဲစစ်ကောင်စီတပ်နဲ့ရဲများကဟင်္သာတမြို့ ၊ တလုတ္ထော်မြို့၊လေးမျက်နှာမြို့နှင့်နိဗ္ဗာန်တိုက်နယ် အဝင်အထွက်ဂိတ်များမှာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေတယ်လို့သိရပါတယ်။