ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်

ယူကရိန်းသမ္မတ ဇီလန်စကီးက နှစ်သစ်ကူးအကြို မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး သမ္မတ ပူတင် တစ် ဘဝလုံး အာဏာတည်မြဲအောင် ရုရှားက စစ်ပွဲဆင်နွှဲနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဇီလန်စကီးက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကာလအတွင်း ယူကရိန်းပြည်သူတွေကို မိန့်ခွန်းပြော လေ့ရှိပေမယ့် ယမန်နေ့ညပိုင်းက ရုရှားပြည်သူတွေကို ဉီးတည်ပြီး ပြောကြားသွားခဲ့ပါတယ်။

“ရုရှားနိုင်ငံက နေတိုးအဖွဲ့နဲ့ စစ်ဖြစ်နေတာမဟုတ်ဘဲ လူတစ်ဉီးတစ်ယောက် တစ်သက်လုံး အာဏာ တည်မြဲအောင် စစ်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်” လို့ ဇီလန်စကီးက မိန့်ခွန်းအတွင်း ထည့်သွင်းပြောခဲ့ပါတယ်။

အသက် ၇၀ နှစ်အရွယ် ဗလာဒီမာပူတင်ဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်အ ဖြစ် ရုရှားနိုင်ငံကို ဉီးဆောင်ခဲ့သူဖြစ်ပါတယ်။

ပူတင်ဟာ ၂၀၂၁ ခုနှစ် ဧပြီလမှာ သူ့ကိုယ်သူ နှစ်ကြိမ်အထိ ပြန်လည်ရွေးကောက်ခံခွင့်ပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်တွေ လက်မှတ်ရေးထိုးခဲ့တာကြောင့် ၂၀၃၆ ခုနှစ်အထိ သမ္မတအဖြစ် ဆက်လက် တာဝန်ယူနိုင်တော့မှာဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ သမ္မတရာထူးသက်တမ်းက ခြောက်နှစ်ဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေက သူ့နောက်မှာရပ်တည်ပြီး စစ်ပွဲမှာ အနိုင်ရတယ်ဆိုတာ ပူတင်က ပြသလိုတယ်လို့ ဇီလန်စကီးက ရုရှားပြည်သူတွေကို ပြောကြားခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေက ကိယက်ဗ်မြို့တော်နဲ့ ယူကရိန်းနိုင်ငံထဲက နယ်မြေအချို့ကို ဒုံးကျည်တွေနဲ့ ဆက် တိုက်ဆိုသလို တိုက်ခိုက်နေစဉ် ဇီလန်စကီးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပူတင်ကလည်း မနေ့က စစ်ဘက်အခြေစိုက်စခန်းတစ်ခုမှာ ရုရှားတပ်ဖွဲ့ဝင်တွေ နောက်ခံထားကာ နှစ် သစ်ကူးအကြို မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး အနောက်နိုင်ငံတွေက ယူကရိန်းမှာ စစ်ပွဲဆင်နွှဲနေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။

“၂၀၂၂ ခုနှစ်ဟာ ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး အရေးကြီးဆုံးကတော့ ရုရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေတွေ ကို အပြည့်အဝ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်” လို့ ပူတင်က ဆိုပါတယ်။

ကိုးကား – UPI
Ref; Zelensky says Russia is waging war for Putin to remain in power for the rest of his life