ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ လွတ်လပ်ရေးကျောက် တိုင်အနီးတွင် ဒီဇင်ဘာလ ၃၁ ရက် ည ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်သားများအား အထူး ထုတ်ပါဆယ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း PKDF- MMU အဖွဲ့ထံကသိရသည်။

လွတ်လပ်ရေးကျောက်တိုင်အနီး ချထားသည့် ပါ ဆယ်မိုင်းအား စစ်ကောင်စီတပ်သားမှတွေ့ရှိ၍ စစ်ဆေးနေစဥ် ဖောက်ခွဲနိုင်ခဲ့သဖြင့် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းမူ PDF တပ်ဖွဲ့ဝင်များကပြောသည်။

“ကျွန်တော်တို့ ချထားခဲ့တဲ့ပါဆယ်မိုင်းကို စစ်ကောင် စီတပ်သားတွေပါသတိထားမိပြီး စစ်ဆေးနေချိန် စစ် သားတွေ ဝိုင်းအုံကြည့်နေချိန်မှာ ဖောက်ခွဲလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်တွေ သေဆုံးမှုရှိနိုင်တယ်။ ဒီကောင်တွေဘက်ကလဲ ပြန်ပစ်ကြပေမယ့်ကျွန်တော်တို့ဘက်က အထိအခိုက်မရှိခဲ့ပါဘူး” ဟု PKDF တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်အေးချမ်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်း စစ်ဆင်ရေးကို People’s knight Defense Force Myinmu PKDF-MMU နှင့်အတူ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ PAFD၊ Dog Killers Defense Force DKPDF -MMU၊ TAUNGTHA People Defense Force TTAPDF၊ D.B.B.F-MMU စသည့်မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြင်းမူ PDF ထံကသိရသည်။