ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် စစ် ကောင်စီခန့်အုပ်ချုပ်ရေးမှူး ယနေ့ ဇန်နဝါရီလ ၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့နယ်နေထိုင်သူများထံမှ သိရှိရသည်။
ပစ်ခတ်ခံရသူမှာ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်သူ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ရဲထွန်းဦး ဆိုသူဖြစ်ပြီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိလက်နက်ကိုင် ၂ ဦးမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူက ခေတ်အဆက်ဆက်က ကြံ့ခိုင်ရေးပါတီဝင်ပေါ့။ ရုပ်နဲ့စိတ်နဲ့လိုက်တယ် ရုပ်ရည်ကလည်းကြမ်း တမ်းတယ်။ စိတ်ဓာတ်ကလည်း မကောင်းဘူး။ ကလေးတွေကို ရိုက်နှက်တဲ့နေရာမှာ ရှေ့ဆုံးကသူပဲ။ ဟိုတလောက အုပ်ကြီးတေ အရမ်းအသတ်ခံနေရတုန်းကငြိမ်နေသေးတယ်။ ခုပြန်ပြီး ဇောင်းပြန်ထ နေတာ ဒလန်လုပ်နေတာပေါ့။ ဝင်ဖမ်းပြီးဆိုသူက လမ်း ပြလုပ်တာ။ ပြီးရင် ပိုက်ဆံတောင်းတယ် အမှုပေါ့အောင်လုပ်ပေးမယ်ဆိုပြီး”ဟု အဆိုပါအုပ်ချုပ်ရေးမှူးကြောင့် ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှရောက်ရှိလာပြီးရပ်ကွက်အတွင်း၊လမ်းတချို့ကိုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပစ်ခတ်မှုအား မည်သည့်အဖွဲ့မှပြုလုပ်သည်ကို မသိရသေးဘဲ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များဘက်မှသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။
#လှိုင်သာယာ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #Ayeyarwaddy_Times