နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇန်နဝါရီလ ၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့က နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူကို စစ်ကောင်စီလက်အောက်ခံတရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
နည်းပညာတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူ မရွှေခြူးဝိုင်းကို စစ်ကောင်စီလက်အောက်ခံ မအူပင်ခရိုင် ထောင်းတွင်းတရားရုံးကနေ ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုပြီး ခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
”မရွှေခြူးဝိုင်းက ဗကသအဖွဲ့ချုပ်က သတင်းနဲ့ပြန်ကြားရေး ကော်မတီဝင်တစ်ဦးအဖြစ်တာဝန် ထမ်းဆောင်သူပါ အဲ့တာကို ၅၀ ည နဲ့တရားစွဲပြီး ခုလို ထောင် ၁၀ နှစ်ချလိုက်တာ”လို့ မရွှေခြူးဝိုင်းနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဗကသများအဖွဲ့ချုပ်ရဲ့ သတင်းနှင့်ပြန်ကြားရေး ကော်မတီဝင်ဖြစ်တဲ့ မရွှေခြူးဝိုင်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်ထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၃ လအကြာမှာ ခုလိုအမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေကို အကြောင်းအမျိူးမျိုးနဲ့ဖမ်းဆီးလေ့ရှိပြီး စစ်ကောင်စီလက်အောက်ခံထောင်တွင်းတရားရုံးကနေ မတရား ပြစ်ဒဏ်တွေအမိန့်ချမှတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။