ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်

မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ခုနှစ်နှစ် ထပ် တိုးချမှတ်ခဲ့တာကြောင့် အသက် ၇၇ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဟာ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် အထိ ကျခံရတော့မှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တွေကို လူ့အခွင့်အရေးအဖွဲ့တွေက လုပ်ကြံဇာတ်လမ်းတစ်ခုအဖြစ် ပြောဆိုလိုက်ပြီး နေပြည်တော်မှာ ထိန်းသိမ်းခံနေရတဲ့ သူမရဲ့ သြဇာအာဏာကို သေးသိမ်အောင်လုပ်တာလို့ ဆိုပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တွေတင်ပြီး ဆက်လက် အကျဉ်းချ နေတာဟာ စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုဖြစ်ပါတယ်” လို့ Fortify Rights မှ အကြီးတန်း အကြံပေး ပက်ထရစ်ဖောင်ဆာသွန်က ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်မှာကျရောက်မယ့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်ကို လျှော့ပေးနိုင်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ကလေးငယ်တွေ၊ တက် ကြွလှုပ်ရှားသူတွေ အပါအဝင် ထိန်းသိမ်းခံရသူ ၁၇၀၀၀ နီးပါးအနက် တစ်ဉီးဖြစ်ပါတယ်။

မြန်မာ့အရေး ပထမဆုံးသော ဆုံးဖြတ်ချက်မူကြမ်းမှာ နိုင်ငံရေးအကျဉ်းသားလုံး လွှတ်ပေးဖို့၊ လူသားချင်း စာနာမှုအကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ အကြမ်းဖက်မှုပုံစံအားလုံး အဆုံးသတ်ဖို့ ဒီလအစောပိုင်းမှာ ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာရဲ့ အခုလို တောင်းဆိုမှုတွေရှိနေပေမယ့် အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာလည်း အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်လိမ့်မယ်လို့ ပက်ထရစ်ဖောင်ဆာသွန်က ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းမယ့်အစား နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ လက် နက်နဲ့ဝင်ငွေရပေါက်တွေ ခမ်းခြောက်အောင်ပြုလုပ်ကာ သံတမန်ရေးအရ အသိအမှတ်မပြုဖို့ လုပ်ဆောင်ရမယ်” လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ – Original Uploader
ကိုးကား – The Guardian
Ref; Myanmar court jails Aung San Suu Kyi for extra seven years in final closed trial