ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်

မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရာမှာ အတိုက်အခံတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အာဆီယံ အထူး ကိုယ်စားလှယ်ရဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံခြင်းမရှိတဲ့ ခရီးစဉ်တစ်ခု အဆုံးသတ်ပြီးနောက် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်ရင်ကြားစေ့တာကို တရုတ်နိုင်ငံက အလိုရှိပြီး ပြည်သူတွေကောင်းစားရေးအ တွက် နိုင်ငံရေးမှာ ပါဝင်သူအားလုံးက ဆွေးနွေးမှုတစ်ခု ပြုလုပ်သင့်တယ်လို့ ဝမ်ယိက စစ်ကောင်စီကို ပြော ကြားခဲ့ပါတယ်။

ဝမ်ယိက မြန်မာနိုင်ငံမှာ ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးဖို့ ဇူလိုင်လ ၄ ရက်မှာ စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှုရှိမှသာ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ရှေ့ဆက်ဆောင်ရွက်နိုင်မယ့်အကြောင်း အသိပေးခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံစလုံးက ကုလသမဂ္ဂ၊ အာဆီယံတို့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်မယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် အတိုက်အခံတွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကို မဖော်ပြထားပါဘူး။

အာဏာသိမ်းမှုကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကန့်ကွက်ရှုတ်ချမှုတွေကြောင့် စစ်ကောင်စီက တ ရုတ်နိုင်ငံရဲ့အကူအညီနဲ့ ကမ္ဘာ့စင်မြင့်မှာ တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံရေးလေ့လာသူ ကိုစိုင်းကြည် ဇင်စိုးက ပြောပါတယ်။

ဝမ်ယိက စစ်ကောင်စီကို တရားဝင်မှုရရှိစေရန် လန်ချန်-မဲခေါင်အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အဲဒီ လိုလုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အန္တရာယ်ရှိစေနိုင်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။

ပဋိပက္ခက မကြာမီ အဆုံးသတ်ဖွယ်မရှိတာကြောင့် မြန်မာနိုင်ငံရှိ အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီး တ ရုတ်နိုင်ငံ စိုးရိမ်ပူပန်နေတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်ရဲ့ ဒုတိယအကြိမ် မြန်မာခရီးစဉ်အတွင်း အတိုက်အခံ ဒါမှမ ဟုတ် စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ပျက်ကွက်တာဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်မှုသာ ဖြစ် စေမယ်လို့ NLD ဗဟိုကော်မတီဝင် ဦးကျော်ထွေးက ဆိုပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်က ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော် ရေးကိုသာ အလေးထားခဲ့လို့ မအောင်မြင်ဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက ပြောပါတယ်။

ကိုးကား – RFA
Ref; China calls for junta cooperation with Myanmar opposition to resolve crisis